Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဇီလန်စကီးမှာ တရားဝင်မှုမရှိတော့ကြောင်း ကရင်မလင်ပြော

ALynn (NSS) - ဇူလိုင် ၂၅

မော်စကိုနှင့်ကိယက်ဗ်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရန် သဘောတူလိုက်သည့်အခါ ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီး၏ သံသယဖြစ်ဖွယ်အခြေအနေသည် ပြဿနာရှိလာနိုင်ကြောင်း ကရင်မလင်၏ ပြော ရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က သတင်းထောက်များအား ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၂၄ ရက်)တွင် ပြောကြားခဲ့သည်။ အစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဇီလန်စကီး၏တရားဝင်ဖြစ်မှုကို မေးခွန်းထုတ်ခဲ့ပြီး ၎င်း၏ ရာထူးသက်တမ်းသည် တရားဝင်သက်တမ်းကုန်ဆုံးသွားပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။


"သမ္မတဇီလန်စကီးက သူ့ရဲ့တရားဝင်မှုကို သေချာပေါက် ဆုံးရှုံးသွားပြီလို့ သမ္မတက ထပ်ခါတလဲလဲပြောခဲ့ပါတယ်"ဟု ပက်စကော့ဗ်မှသတင်း ထောက်များအား ပြောကြားခဲ့သည်။ ဇီလန်စကီး၏ သမ္မတသက်တမ်းသည် မေလ ၂၀ ရက်နေ့တွင် တရားဝင် သက်တမ်းကုန်ဆုံးသွားခဲ့သည်။ ရုရှားနှင့် ပဋိပက္ခကြောင့် စစ်အုပ်ချုပ်ရေး ချမှတ်ထားသည့်အတွက် ၎င်းစစ်အုပ်ချုပ် ရေးကို အကြောင်းပြ၍ မတ်လတွင် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုခဲ့ပေ။ ၎င်း၏လုပ်ပိုင်ခွင့်ကို ယူကရိန်းဥပဒေနှင့်အညီ သက်တမ်းတိုးခဲ့ကြောင်း ဇီလန်စကီးက ဖော်ပြခဲ့သည်။

မကြာသေးမီလများအတွင်း ပူတင်က ယူကရိန်းဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေများကို ခွဲခြမ်းစိတ်ဖြာ၍ ဇီလန်စကီး အာဏာဆက်ရှိနေစေမည့် အကြောင်းအရင်းမရှိကြောင်း ပူတင်က မကြာခဏပြောခဲ့သည်။ ယူကရိန်းဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁၁ ကို ကိုးကား၍ ရုရှားသမ္မတ ပူတင်က ဇီလန်စကီး၏ အာဏာများကို ယူကရိန်းလွှတ်တော်ဥက္ကဋ္ဌထံ လွှဲပြောင်းပေးသင့်ကြောင်း မေလတွင် ဖော်ပြခဲ့သည်။

သို့သော် ယူကရိန်းလွှတ်တော်ဥက္ကဋ္ဌ Ruslan Stefanchuk က ဇီလန်စကီးသည် တရားဝင် နိုင်ငံတော်၏ အကြီးအကဲဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး ၎င်း၏တရားဝင်မှုကို မေးခွန်းထုတ်သူတိုင်းသည် "ရန်သူ" ဖြစ်သည်ဟု  တုံ့ပြန်ခဲ့သည်။ ဗုဒ္ဓဟူးနေ့အစောပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Mao Ning က “ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmitry Kuleba သည် မော်စကိုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အသင့်ရှိပြီး ဆန္ဒရှိကြောင်း ဘေဂျင်းသို့ သွားရောက်စဉ်တွင် ရှင်းလင်းပြောကြားခဲ့ကြောင်း” ဖော်ပြခဲ့သည်။ 

မော်စကိုက ယူကရိန်း၏ ရပ်တည်ချက် အသေးစိတ်ကို စောင့်မျှော်နေမည်ဟု တုံ့ပြန်ခဲ့သည်။ "Kuleba ကိုယ်တိုင်က ဒီလိုပြောဆိုမှုတွေကို ကျွန်တော်တို့ မကြားမိပါဘူး"ဟု ပက်စကော့ဗ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ရုရှားနှင့် ယူကရိန်းကြား စေ့စပ်ညှိနှိုင်းမှုသည် ၂၀၂၂ ခုနှစ် နွေဦးပေါက်တွင် ပျက်သွားခဲ့ပြီး လက်တွေ့မကျသော တောင်းဆိုမှုများ ပြုလုပ်နေသည်ဟု နှစ်ဖက်စလုံးက စွပ်စွဲခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အာဆီယံအဖွဲ့မှာ ပုံမှန်အဆင့်တန်းမျိုးပြန်လည်ရရှိဖို့ မြန်မာအစိုးရမျှော်လင့်နေဟုဆို

RECENT POSTS
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved