နိုင်ငံခြားငွေ အဓိကရှာဖွေပေးနေသူများထဲတွင်ပါဝင်သည့် တောင်သူများအနေဖြင့် လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရ
မြူနစ် (NSS) - ဇူလိုင် ၂၂
နိုင်ငံတော်အတွက် နိုင်ငံခြားငွေ အဓိက ရှာဖွေပေးနေသူများထဲတွင် ပါဝင်သော တောင်သူများအနေဖြင့် လယ်လုပ်သားရှားပါးမှုကို ရင်ဆိုင်နေရ ကြောင်းတောင်သူများထံမှ သိရသည်။
လက်ရှိတွင် နိုင်ငံအတွင်းရှိ မြို့နယ်အချို့၌ နွေစပါးများကို ရိတ်သိမ်းနေလျက်ရှိပြီး မိုးစပါးစိုက် ပျိုးရန်အတွက် ပြန်လည်ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့နွေစပါးများကို ရိတ်သိမ်းကာ မိုးစပါးပြန်လည်စိုက်ပျိုးရန်အတွက် ပြင်ဆင်နေချိန်တွင် တောင်သူများအနေဖြင့် လယ်ယာလုပ်သားရှားပါးမှု နှင့် ရင်ဆိုင်နေရလျက်ရှိသည်ဟု ဆိုသည်။
"အခုဆိုရင် ဦးလေးတို့က နွေစပါးတွေ စရိတ် နေပြီလေ။ ရိတ်ပြီးတာနဲ့ မိုးစပါးကို ပြန်စိုက်ဖို့လည်း ပြင်ဆင်နေရပြီပေါ့။ ဘာအခက်အခဲနဲ့ကြုံနေရလဲဆို တော့ လယ်လုပ်မယ့်သူ ရှားပါးနေတဲ့အခက်အခဲနဲ့ ကြုံနေရတာ။ ဦးလေးတို့ ရွာထဲမှာဆိုရင် အရင်တုန်း က လယ်လုပ်တဲ့လူငယ်တွေ အခုမရှိတော့ဘူး။ နိုင်ငံ ခြားကို ထွက်သွားကြတာရှိတယ်။ အဓိကတော့ ထိုင်း ကိုပဲ သွားကြတာများတယ်။ လူငယ်က တော်တော် လေးကို မရှိတော့တာ။ မိုးစပါးပြန်စိုက်ဖို့ ငှားတာ တောင် အသက်ကြီးတဲ့သူတွေကိုပဲ ငှားနေရတယ်။ အဲဒါတောင် ငှားချင်တိုင်းငှားလို့မရဘူး။ စက်တွေကို အားကိုးလုပ်နေတယ်ဆိုပေမယ့် တချို့ နေရာတွေက လယ်လုပ်မယ့်သူတွေ လိုနေသေးတယ်"ဟု ပဲခူးတိုင်း အတွင်းရှိ တောင်သူတစ်ဦးက NSS ကို ပြောသည်။
လယ်ယာလုပ်သားရှားပါးလာရခြင်းသည် ပြည် သူ့စစ်မှုထမ်းဥပဒေကြောင့် ပါဝင်နေသကဲ့သို့ ဝင်ငွေနည်းပါးမှုများကြောင့်လည်း ဖြစ်နိုင်ကြောင်း တောင် သူများက သုံးသပ်ထားကြသည်။ "လယ်ယာလုပ်သား သိသိသာသာရှားလာတာက စစ်မှုထမ်းဥပဒေတို့၊ ဘာ တို့ ထွက်ပေါ်လာတဲ့နောက်မှာ သိသိသာသာ ဖြစ်လာ တယ်။ အဓိကတော့ လူငယ်တွေက ရှောင်ထွက်ကုန် ကြတာပေါ့။ တချို့မိဘတွေကလည်း ကိုယ့်သားသမီး ကို ဒီမှာမနေခိုင်းတော့ဘဲ ထွက်ခိုင်းနေတာမျိုးတွေ ရှိတယ်။ နောက်ပြီး စားရေးသောက်ရေးကျပ်တည်း လာတော့ မထူးတော့ဘူးဆိုပြီး နိုင်ငံခြားကို ထွက် ကုန်ကြတာမျိုးလည်း ရှိတယ်" ဟု အထက်ပါတောင်သူ က ဆက်လက်ပြောသည်။ ပဲခူးတိုင်းအတွင်းရှိ မြို့ နယ်အချို့တွင် နွေစပါး များ ဆက်လက်ရိတ်သိမ်းနေ လျက်ရှိသော်လည်း စပါးဈေး ကျဆင်းနေသည့်အခြေ အနေဖြင့် ရင်ဆိုင်နေရလျက်ရှိကြောင်းလည်း ၎င်းက ထပ်မံဖြည့်စွက်ပြောကြားသည်။
လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ (၃)လ ကျော်ကာလတွင် မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန် ပစ္စည်းများကို ပြည်ပသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံနီးပါး ရရှိထားပြီးဖြစ်ကြောင်း စီး ပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ အဆိုပါ(၃)လ ကျော်ကာလအတွင်း၌ မြန်မာ့ထွက်ကုန်များကို ပြည် ပနိုင်ငံများသို့ တင်ပို့ရာတွင် လယ်ယာထွက်ကုန် တင် ပို့ မှုမှ နိုင်ငံခြားဝင်ငွေ အမြင့်ဆုံးရရှိထားသည်ကိုလည်း ဝန်ကြီးဌာန၏အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျစ်ဆံမြီး ဧရာဝတီ( AYARWADDY The BRAIDED HAIR River ) (အခန်းဆက်ဆောင်းပါးရှည်) (အပိုင်း-၆)
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း