ဆီဖိုးအပြင် ငွေကြေးကုန်ကျမှု များစွာသက်သာသည့် EV ကားများကို စိတ်ဝင်စားမှုမြင့်တက်နေဟုဆို
ယွန်း (NP News) - ဧပြီ ၄
ဆီဖိုးအပြင် အခြားအချက်များအတွက်ပါ ငွေကြေးကုန်ကျမှုများစွာသက်သာသည့် EV ကားများကို ပြည်သူများ၏ စိတ်ဝင်စားမှု ယခင်ကထက်မြင့်တက်လျက်ရှိကြောင်း သိရသည်။
MG Myanmar မှ Marketing Manager မယမုံဦးက ယနေ့(ဧပြီလ ၃ ရက်)၌ Myanmar Plaza တွင်ကျင်းပခဲ့သော EV ကားမိတ်ဆက်ပွဲ အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်သူများအနေဖြင့် ပိုမိုမြင့်တက်လာသော ဆီဈေးအခြေအနေများကြောင့် EV ကားများအပေါ်တွင် စိတ်ဝင်စားမှုသည် ယခင်ကထက် မြင့်တက်လျက်ရှိကြောင်း သိရသည်။
“အခုမြင်ရတဲ့ အနေအထားအရဆိုရင် EV က ပွဲတွေမတိုင်ခင် အွန်လိုင်းတွေပေါ်မှာထဲက စိတ်ဝင်စားမှုကလည်း တော်တော်ကို များခဲ့တယ်။ အဓိကက တစ်ဖက်မှာမီးပျက်တယ်ဆိုရင်လည်း မီးပျက်တဲ့အတွက် အရမ်းစိတ်ပူစရာမလိုဘူး။ နာရီပိုင်းပြန်သွင်းတာ နဲ့ ရက်ပိုင်းသုံးလို့ရတယ်ဆိုတာကို သိပြီးတဲ့နောက်ပိုင်းမှာ ပြည်သူတွေက EV တွေကို ပိုပြီးစိတ်ဝင်စားလာကြတယ်၊ အဓိကကတော့ တစ်ဖက်မှာက ဆီဈေးတွေက အရမ်းဈေးကြီးတယ်၊ ရန်ကုန်မြို့လိုမျိုးနေရာအတွက် EV ကားက အရမ်းငွေကုန်သက်သာတယ်။ ဆီဖိုးအပြင် အခြား maintenance cost တွေအတွက်လည်း အကုန်အကျသက်သာတယ်ဆိုတဲ့အတွက် တော်တော် များများစိတ်ဝင်စားကြပါတယ်” ဟု မယမုံဦးမှ NP News ကို ပြောသည်။
အဆိုပါ EV ကားများကို ကားတစ်စီးလုံးအားပြည့်ရန်အတွက် အချိန်(၄)နာရီခန့် အားသွင်းရန်လိုအပ်ပြီး မိုင်(၄ဝဝ)ကျော်အထိ မောင်းနှင်နိုင်ကြောင်း ၎င်းမှဆက်လက်ပြောဆိုထား သည်။
“ပုံမှန်ဆိုရင်တော့ EV ကားတွေက (၄)နာရီ၊ (၅)နာရီလောက် အားသွင်းလိုက်ရင် ရန်ကုန်ကနေ နေပြည်တော်လောက်ကို မောင်းနိုင်ပါတယ်။ မိုင်(၄ဝဝ)ကျော်လောက်ကို မောင်းနိုင်ပါတယ်”ဟု မယမုံဦးမှဆိုသည်။
လက်ရှိတွင် နိုင်ငံတော်အနေဖြင့် EV ကားများအတွက် မီတာတစ်ယူနစ် အားသွင်းခအား အကြမ်းဖျင်းအားဖြင့် ငွေကျပ်(၄ဝဝ)နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
နစကအနေဖြင့်လည်း လတ်တလောတွင် EV Charging Station များကို ဆက်တိုက်ဖွင့်လှစ်လျက်ရှိသည်။
ထို့ပြင် ပြည်သူများသွားလာရေးအဆင်ပြေစေရေးနှင့် ကုန်ကျစရိတ်သက်သာစေရန်အတွက် လျှပ်စစ်သုံးယာဥ်များကို ဧပြီလ(၁)ရက်မှစပြီး လမ်းအသုံးပြုခ ကင်းလွတ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း နစကမှ ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားပြီးဖြစ်သည်။
zawgyi version
ဆီဖိုးအျပင္ ေငြေၾကးကုန္က်မႈ မ်ားစြာသက္သာသည့္ EV ကားမ်ားကို စိတ္ဝင္စားမႈျမင့္တက္ေနဟုဆို
ယြန္း (NP News) - ဧၿပီ ၄
ဆီဖိုးအျပင္ အျခားအခ်က္မ်ားအတြက္ပါ ေငြေၾကးကုန္က်မႈမ်ားစြာသက္သာသည့္ EV ကားမ်ားကို ျပည္သူမ်ား၏ စိတ္ဝင္စားမႈ ယခင္ကထက္ျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။
MG Myanmar မွ Marketing Manager မယမုံဦးက ယေန႔(ဧၿပီလ ၃ ရက္)၌ Myanmar Plaza တြင္က်င္းပခဲ့ေသာ EV ကားမိတ္ဆက္ပြဲ အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
လက္ရွိတြင္ ျပည္သူမ်ားအေနျဖင့္ ပိုမိုျမင့္တက္လာေသာ ဆီေဈးအေျခအေနမ်ားေၾကာင့္ EV ကားမ်ားအေပၚတြင္ စိတ္ဝင္စားမႈသည္ ယခင္ကထက္ ျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။
“အခုျမင္ရတဲ့ အေနအထားအရဆိုရင္ EV က ပြဲေတြမတိုင္ခင္ အြန္လိုင္းေတြေပၚမွာထဲက စိတ္ဝင္စားမႈကလည္း ေတာ္ေတာ္ကို မ်ားခဲ့တယ္။ အဓိကက တစ္ဖက္မွာမီးပ်က္တယ္ဆိုရင္လည္း မီးပ်က္တဲ့အတြက္ အရမ္းစိတ္ပူစရာမလိုဘူး။ နာရီပိုင္းျပန္သြင္းတာ နဲ႔ ရက္ပိုင္းသုံးလို႔ရတယ္ဆိုတာကို သိၿပီးတဲ့ေနာက္ပိုင္းမွာ ျပည္သူေတြက EV ေတြကို ပိုၿပီးစိတ္ဝင္စားလာၾကတယ္၊ အဓိကကေတာ့ တစ္ဖက္မွာက ဆီေဈးေတြက အရမ္းေဈးႀကီးတယ္၊ ရန္ကုန္ၿမိဳ႕လိုမ်ိဳးေနရာအတြက္ EV ကားက အရမ္းေငြကုန္သက္သာတယ္။ ဆီဖိုးအျပင္ အျခား maintenance cost ေတြအတြက္လည္း အကုန္အက်သက္သာတယ္ဆိုတဲ့အတြက္ ေတာ္ေတာ္ မ်ားမ်ားစိတ္ဝင္စားၾကပါတယ္” ဟု မယမုံဦးမွ NP News ကို ေျပာသည္။
အဆိုပါ EV ကားမ်ားကို ကားတစ္စီးလုံးအားျပည့္ရန္အတြက္ အခ်ိန္(၄)နာရီခန႔္ အားသြင္းရန္လိုအပ္ၿပီး မိုင္(၄ဝဝ)ေက်ာ္အထိ ေမာင္းႏွင္ႏိုင္ေၾကာင္း ၎မွဆက္လက္ေျပာဆိုထား သည္။
“ပုံမွန္ဆိုရင္ေတာ့ EV ကားေတြက (၄)နာရီ၊ (၅)နာရီေလာက္ အားသြင္းလိုက္ရင္ ရန္ကုန္ကေန ေနျပည္ေတာ္ေလာက္ကို ေမာင္းႏိုင္ပါတယ္။ မိုင္(၄ဝဝ)ေက်ာ္ေလာက္ကို ေမာင္းႏိုင္ပါတယ္”ဟု မယမုံဦးမွဆိုသည္။
လက္ရွိတြင္ ႏိုင္ငံေတာ္အေနျဖင့္ EV ကားမ်ားအတြက္ မီတာတစ္ယူနစ္ အားသြင္းခအား အၾကမ္းဖ်င္းအားျဖင့္ ေငြက်ပ္(၄ဝဝ)ႏႈန္း သတ္မွတ္ထားေၾကာင္း သိရသည္။
နစကအေနျဖင့္လည္း လတ္တေလာတြင္ EV Charging Station မ်ားကို ဆက္တိုက္ဖြင့္လွစ္လ်က္ရွိသည္။
ထို႔ျပင္ ျပည္သူမ်ားသြားလာေရးအဆင္ေျပေစေရးႏွင့္ ကုန္က်စရိတ္သက္သာေစရန္အတြက္ လွ်ပ္စစ္သုံးယာဥ္မ်ားကို ဧၿပီလ(၁)ရက္မွစၿပီး လမ္းအသုံးျပဳခ ကင္းလြတ္ခြင့္ျပဳေပးသြားမည္ျဖစ္ေၾကာင္း နစကမွ ၿပီးခဲ့သည့္ ရက္ပိုင္းက ထုတ္ျပန္ထားၿပီးျဖစ္သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖုန်းဆိုင်ပိုင်ရှင်အား လူ(၃)ဦးမှ သေနတ်၊ ဓါးများဖြင့် ခြိမ်းခြောက်ပြီးနောက် လက်ပြန်ကြိုးတုတ်ကာ ဓါးပြတိုက်မှု ရန်ကုန်မြို့လယ်၌ ဖြစ်ပွား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း