မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်နက်ဝယ်ယူမှုတို့နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတရဲ့သားဖြစ်သူဟန်တာဘိုင်ဒန်မှာ အပြစ်ရှိကြောင်း တရားသူကြီးများဆုံးဖြတ်
Pika (NSS) - ဇွန် ၁၃
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့သားဖြစ်သူ ဟန်တာဘိုင်ဒန်ဟာ မူးယစ်ဆေးစွဲနေစဉ်အချိန်အတွင်း လက်နက်ကိုင်ဆောင်မှုနှင့်ပတ်သက်တဲ့ စွဲချက်သုံးခုနဲ့အတူ Delaware ပြည်နယ်တရားသူကြီးအဖွဲ့က အပြစ်ရှိကြောင်းတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဟန်တာဘိုင်ဒန်ဟာ ၂၀၁၈ ခုနှစ်မှာ လက်နက်ဝယ်ယူမှုနဲ့ပတ်သက်ပြီး လိမ်လည်မှုနဲ့ အဲဒီအချိန်မှာ crack cocaine ကို အသုံးပြုနေပေမယ့်လည်း မူးယစ်ဆေးသုံးစွဲသူမဟုတ်ဘူးလို့ လိမ်လည်သက်သေပြခဲ့တယ်လို့ စွပ်စွဲခံရတာဖြစ်ပါတယ်။ ဇွန်လ(၁၁)ရက်နေ့ကချမှတ်ခဲ့တဲ့ စီရင်ချက်က ဟန်တာဘိုင်ဒန်ဟာ ဖက်ဒရယ်တရားရုံးမှာ ပထမဦးဆုံး ပြစ်ဒဏ်ချမှတ်ခံရတဲ့ လက်ရှိအာဏာရနေတဲ့ သမ္မတရဲ့သားဖြစ်လာခဲ့တယ်လို့လည်း သိရပါတယ်။ ဟန်တာဘိုင်ဒန်ဟာ ထောင်ဒဏ်(၂၅)နှစ်အထိ ချမှတ်ခံရနိုင်ပေမယ့်လည်း ပြစ်ဒဏ်ဟာ အဲဒီထက်ပိုမိုပေါ့လျော့နိုင်ဖွယ်လည်းရှိပါတယ်။
သီတင်းပတ်အတန်ကြာ ရုံးတင်စစ်ဆေးမှုအတွင်း တရားသူကြီးတွေဟာ ဟန်တာဘိုင်ဒန်ရဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ သမိုင်းကြောင်းတွေအပြင် ၎င်းရဲ့လက်တွဲဖော်ဟောင်းထံကနေ သက်သေထွက်ဆိုချက်တွေကိုလည်း ကြားသိခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့ပြင် တရားသူကြီးတွေဟာ ဟန်တာဘိုင်ဒန်ရဲ့ ကိုယ်ရေးကိုယ်တာမက်ဆေ့ချ်တွေအပြင် ကိုယ်ရေးကိုယ်တာဓါတ်ပုံတွေကိုလည်း ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ တရားစွဲဆိုမှုအတွင်း ဟန်တာဘိုင်ဒန်ရဲ့ လက်ပ်တော့ကို သက်သေအဖြစ် တင်ပြခဲ့တယ်လို့လည်း သိရပါတယ်။ အစိုးရရှေ့နေ Derek Hines က'တရားဥပဒေဟာ အခြားလူတွေနဲ့သက်ဆိုင်သလို သမ္မတရဲ့သားဖြစ်သူ ဟန်တာဘိုင်ဒန်နဲ့လည်း တန်းတူညီမျှသက်ဆိုင်အောင် လုပ်ဆောင်ဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်။ ဟန်တာဘိုင်ဒန်ဟာ သေနတ်ဝယ်ယူမှုနဲ့ပတ်သက်ပြီး လိမ်ညာမှုတွေနဲ့အတူ ဥပဒေကို ချိုးဖောက်ခဲ့ပါတယ်။ အပြစ်ရှိကြောင်း သက်သေအထောက်အထားတွေနဲ့ ထောက်ခံထားတဲ့ တစ်ခုတည်းသောစီရင်ချက်ကို ချမှတ်ဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့လယ်ရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း