သံလွင်မြစ်၌ စက်လှေဝမ်းဗိုက်အတွင်း လိုက်ပါလာသည့် အထောက်အထားမဲ့ ဘင်္ဂါလီ (၁၂၈)ဦးကို ဖမ်းဆီးထိန်းသိမ်း
NP News - ဧပြီ ၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ သံလွင်မြစ်၌ စက်လှေဝမ်းဗိုက်အတွင်း လိုက်ပါလာသော အထောက်အထားမဲ့ ဘင်္ဂါလီ (၁၂၈)ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
ချောင်းဆုံမြို့နယ်နှင့် (၁ဝ)မိုင်ခန့်အကွာရှိ သံလွင်မြစ်အတွင်း၌ ဧပြီလ ၂ ရက်၊ နေ့လည် ၁ နာရီအချိန်ခန့်တွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကိုပြောသည်။
“အဲဒီမှာ အစိမ်းရောင်စက်လှေကို တွေ့လို့ ရေတပ်ဌာနရဲ့ တပ်ဖွဲ့ဝင်တွေက ရှာဖွေတဲ့အခါမှာ ဒီလူတွေကို သွားတွေ့တာ ပေါ့။ စက်လှေဝမ်းဗိုက်ထဲမှာ တွေ့တာပေါ့။ အထောက်အထားမဲ့ ဘင်္ဂါလီတွေကို မိတာပါ။ လက်ရှိမှာတော့ ဖမ်းဆီးပြီးတော့ ထိန်းသိမ်းထားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုသို့ ဖမ်းဆီးရမိသည့်အထောက်အထားမဲ့ ဘင်္ဂါလီ (၁၂၈)ဦးတွင် အမျိုးသား (၁ဝ၂)ဦး၊ အမျိုးသမီး (၂ဝ)ဦး၊ ကလေး(၆) ဦး ပါဝင်ကြောင်း သိရှိရသည်။
အဆိုပါအထောက်အထားမဲ့ ဘင်္ဂါလီများသည် ရခိုင်ပြည်နယ် စစ်တွေမြို့ဘက်မှ ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။
၎င်းဘင်္ဂါလီ (၁၂၈)ဦးကို မလေးရှားနိုင်ငံသို့ ဆက်လက်ပို့ဆောင်ရန် စောင့်ဆိုင်းနေစဉ်အချိန်တွင် စစ်ဆေးတွေ့ရှိခဲ့ကာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်က ဆက်လက်ပြောဆိုထားသည်။
ယင်းဖြစ်စဉ်အတွင်း ဘင်္ဂါလီ (၁၂၈)ဦးအပြင် စက်လှေလုပ်သား(၅)ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ဘင်္ဂါလီတစ်ဦးလျှင် ငွေကျပ် (၄၅)သိန်းဝန်းကျင်ခန့်ဖြင့် သယ်ယူပို့ဆောင်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ၎င်းက ထပ်မံပြောဆိုထားသည်။
ယခုနှစ်ပိုင်းအတွင်း မွန်ပြည်နယ်၌ အထောက်အထားမဲ့ ဘင်္ဂါလီများကို ဖမ်းဆီးရမိသည့်ဖြစ်စဉ် အများအပြားရှိခဲ့သည်ကိုလည်း တွေ့ရှိရသည်။
zawgyi version
သံလြင္ျမစ္၌ စက္ေလွဝမ္းဗိုက္အတြင္း လိုက္ပါလာသည့္ အေထာက္အထားမဲ့ ဘဂၤါလီ (၁၂၈)ဦးကို ဖမ္းဆီးထိန္းသိမ္း
NP News - ဧၿပီ ၃
မြန္ျပည္နယ္၊ ေခ်ာင္းဆုံၿမိဳ႕နယ္ရွိ သံလြင္ျမစ္၌ စက္ေလွဝမ္းဗိုက္အတြင္း လိုက္ပါလာေသာ အေထာက္အထားမဲ့ ဘဂၤါလီ (၁၂၈)ဦးကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သတင္းရရွိသည္။
ေခ်ာင္းဆုံၿမိဳ႕နယ္ႏွင့္ (၁ဝ)မိုင္ခန႔္အကြာရွိ သံလြင္ျမစ္အတြင္း၌ ဧၿပီလ ၂ ရက္၊ ေန႔လည္ ၁ နာရီအခ်ိန္ခန႔္တြင္ အထက္ပါကဲ့သို႔ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကိုေျပာသည္။
“အဲဒီမွာ အစိမ္းေရာင္စက္ေလွကို ေတြ႕လို႔ ေရတပ္ဌာနရဲ႕ တပ္ဖြဲ႕ဝင္ေတြက ရွာေဖြတဲ့အခါမွာ ဒီလူေတြကို သြားေတြ႕တာ ေပါ့။ စက္ေလွဝမ္းဗိုက္ထဲမွာ ေတြ႕တာေပါ့။ အေထာက္အထားမဲ့ ဘဂၤါလီေတြကို မိတာပါ။ လက္ရွိမွာေတာ့ ဖမ္းဆီးၿပီးေတာ့ ထိန္းသိမ္းထားတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ထိုသို႔ ဖမ္းဆီးရမိသည့္အေထာက္အထားမဲ့ ဘဂၤါလီ (၁၂၈)ဦးတြင္ အမ်ိဳးသား (၁ဝ၂)ဦး၊ အမ်ိဳးသမီး (၂ဝ)ဦး၊ ကေလး(၆) ဦး ပါဝင္ေၾကာင္း သိရွိရသည္။
အဆိုပါအေထာက္အထားမဲ့ ဘဂၤါလီမ်ားသည္ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ဘက္မွ ထြက္ခြာလာျခင္းျဖစ္ေၾကာင္း သိရသည္။
၎ဘဂၤါလီ (၁၂၈)ဦးကို မေလးရွားႏိုင္ငံသို႔ ဆက္လက္ပို႔ေဆာင္ရန္ ေစာင့္ဆိုင္းေနစဥ္အခ်ိန္တြင္ စစ္ေဆးေတြ႕ရွိခဲ့ကာ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က ဆက္လက္ေျပာဆိုထားသည္။
ယင္းျဖစ္စဥ္အတြင္း ဘဂၤါလီ (၁၂၈)ဦးအျပင္ စက္ေလွလုပ္သား(၅)ဦးကိုလည္း ဖမ္းဆီးရမိခဲ့ၿပီး ဘဂၤါလီတစ္ဦးလွ်င္ ေငြက်ပ္ (၄၅)သိန္းဝန္းက်င္ခန႔္ျဖင့္ သယ္ယူပို႔ေဆာင္ျခင္းျဖစ္သည္ဟု ၾကားသိရေၾကာင္း ၎က ထပ္မံေျပာဆိုထားသည္။
ယခုႏွစ္ပိုင္းအတြင္း မြန္ျပည္နယ္၌ အေထာက္အထားမဲ့ ဘဂၤါလီမ်ားကို ဖမ္းဆီးရမိသည့္ျဖစ္စဥ္ အမ်ားအျပားရွိခဲ့သည္ကိုလည္း ေတြ႕ရွိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်ရက်လျှင် ရေနံစည်ပေါင်း (၁)သန်းအထိလျှော့ချထုတ်လုပ်သွားမယ်လို့ ဆော်ဒီအာရေးဗျဦးဆောင်တဲ့ အိုပက်အဖွဲ့ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း