နမ့်လန်-သီပေါကားလမ်းတွင် မှန်လုံကားတစ်စီး ချောက်အတွင်းသို့ ပြုတ်ကျသဖြင့် ကားပေါ်ပါ လူ(၄)ဦးပွဲချင်းပြီးသေဆုံး
စော (NP News) - ဧပြီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊သီပေါမြို့နယ် နမ့်လန်-သီပေါကားလမ်းတွင် မှန်လုံကားတစ်စီး ချောက်အတွင်းသို့ ပြုတ်ကျသဖြင့် ကားပေါ်ပါ လူ(၄)ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၂ ရက်) ညနေ (၄)နာရီဝန်းကျင်အချိန် နမ့်လမ်-သီပေါကားလမ်းမကြီး၊ ကောင်းဟတ်ကျေးရွာအဝင်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ဖြူစင်နှလုံး သားလူမှုကူညီရေးအသင်းမှ သိရသည်။
“ဘယ်လိုဖြစ်ပြီးမှောက်တာလဲတော့မသိဘူး။ လမ်းသွားလမ်းလာတွေက ဖုန်းဆက်ခေါ်လို့ သွားသယ်တာပါ။ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်ကတော့ အသက်(၃ဝ)ဝန်းကျင်လောက်ပါပဲ။ ပါလာတဲ့ခရီသည်အမျိုးသမီးကတော့ မျက်နှာတွေကပုံပျက်သွားလို့မခန့်မှန်းတတ်ဘူး။ ချောက်ကတော့ခန့်မှန်းချေပေ (၂ဝ)ကျော်လောက်ပဲရှိတယ်”ဟု ဖြူစင်နှလုံးသားလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါသေဆုံးသူ(၄)ဦးတွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးပါဝင်ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း ဖြူစင်နှလုံးသားလူမှုကူညီရေးအသင်းမှသိရသည်။
၎င်းတို့၏ရုပ်အလောင်းအား နမ့်လန်ပြည်သူဆေးရုံ ရင်ခွဲရုံသို့ပိုဆောင်ပေးခဲ့ကြောင်း ဖြူစင်နှလုံးသားလူမှုကူညီရေးအသင်းမှဆိုသည်။
zawgyi version
စော (NP News) - ဧပြီ ၃
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထောင်ဒဏ် (၂)နှစ်ပြစ်ဒဏ်ပေးခံရမှုအပေါ် အိန္ဒိယအတိုက်ခံပါတီခေါင်းဆောင် ရာဟူးဂန္ဒီ အယူခံဝင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း