နိုင်ငံခြားခရီးသွားတွေဆီက ကောက်ခံလေ့ရှိတဲ့ ခရီးသွားလာခကို လျှော့ချဖို့ ထိုင်းဝန်ကြီးချုပ် အတည်ပြု
ရောင်နီ (NSS) - ဇွန် ၁ဝ
ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင် က ထိုင်းနိုင်ငံကို လေကြောင်းနဲ့ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ခရီးသွား တွေဆီက ခရီးသွားလာခ ဘတ် ၃၀၀ (စင်ကာပူဒေါ်လာ ၁၁) ကောက်ခံလေ့ရှိတဲ့ ယခင်အစိုးရလက်ထက်က အဆိုပြုချက်ကို ပယ်ဖျက်သွားမယ်လို့ ဇွန်လ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပုဂ္ဂလိကကဏ္ဍမှ ကန့်ကွက်မှုတွေ အများအပြား ရင်ဆိုင်ခဲ့ရတဲ့ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလက အဆိုပြုထားတဲ့ မူဝါဒ ကို အကောင်အထည်ဖော်ဖို့ မစဉ်းစားထားဘူးလို့ ဆာရက်သာတာဗီဆင် က ဆိုပါတယ်။ လူတစ်ဦးကို ဘတ် ၃၀၀ ကောက်ခံတဲ့ အခကြေးငွေဟာ ရေတိုဝင်ငွေ ရနိုင်ပေမယ့် ခရီးသွားဧည့်သည်တွေအနေနဲ့ ဈေးဝယ်ခြင်းနဲ့ အခြားလုပ်ငန်းတွေမှာ သုံးစွဲနိုင်ဖွယ်ရှိတယ်လို့ ဝန်ကြီးချုပ်က ဇွန်လ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီလို သုံးစွဲမှုတွေကသာ စီးပွားရေးကို လှုံ့ဆော်နိုင်ပြီး အစိုးရအတွက် အခကြေးငွေထက် ဝင်ငွေပိုရနိုင်တယ်လို့ ၄င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ တကယ်လို့ အစိုးရအနေနဲ့ အခြားအခွန်ရင်းမြစ်တွေက အပိုဝင်ငွေတွေ ရရှိမယ်ဆိုရင်လည်း လိုအပ်သလို ခရီးသွားလုပ်ငန်းကို ပံ့ပိုးဖို့အတွက် ရန်ပုံငွေ ခွဲဝေပေးသွားမှာဖြစ်တယ်လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF) ခရီးသွားလုပ်ငန်းနဲ့ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းအရတော့ နိုင်ငံပေါင်း ၁၁၉ နိုင်ငံမှာ ထိုင်းနိုင်ငံဟာ အဆင့်သတ်မှတ်ချက် ၄၇ မှာ ရှိနေခဲ့ပြီး ၂ဝ၁၉ ခုနှစ်ကထက် ခြောက်နေရာထိ နောက်ဆုတ်သွားတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
“အကြမ်းဖက်သောင်းကျန်းသူတွေကြောင့် ဆေးရုံအချို့ကို ပိတ်ထားရတယ် ” မဖြေသောမေးခွန်းများနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ သုံးနှစ်ကျော်ခရီး (အင်တာဗျူး)
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း