Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစားအသောက်ထုတ်လုပ်သည့် SME လုပ်ငန်းသစ်များအတွက် FDA ထောက်ခံချက် ခွင့်ပြုကာလကို(၆)လသတ်မှတ်

ယွန်း (NP News) - ဧပြီ ၂


SME လုပ်ငန်းများမှ အစားအသောက်ထုတ်လုပ်ခြင်းအတွက် FDA ထောက်ခံချက် (လုပ်ငန်းသစ်)လျှောက်ထားမှုအတွက် ခွင့်ပြုကာလကို (၆)လသတ်မှတ်ထားကြောင်း သိရသည်။


FDA Myanmar မှ ပြီးခဲ့သည့်ရက်ပိုင်းက အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။


ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ အစားအသောက်ထုတ်လုပ်ခြင်း‌ ထောက်ခံချက်(FDA ထောက်ခံချက်)လျှောက်ထားမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာ၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်အတွက် Online E-submission လျှောက်ထားရာတွင် ပေးသွင်းရမည့် ပမာဏသည် ယခင်က(၇၅ဝဝဝဝ)ကျပ် သတ်မှတ်ထားခဲ့သော်လည်း ယခုတွင် ဓာတ်ခွဲစစ်ဆေးခမပါ (၂၅ဝဝဝဝ) ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ FDA ထောက်ခံချက်အတွက် ခွင့်ပြုကာလကို ယခုလ(ဧပြီလ ၁ ရက်မှ) စက်တင် 

ဘာလ(၃ဝ)ရက်အထိ သတ်မှတ်ထားကြောင်း FDA Myanmar မှ ဆိုထားသည်။


ခွင့်ပြုကာလ(၆)လအတွင်း လျှောက်ထားလာသော လုပ်ငန်းများအနက်မှ စိစစ်ပြည့်စုံသော လုပ်ငန်းများကို ထောက်ခံချက် သက်တမ်း(၁)နှစ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ စားသောက်ကုန်များထဲမှ ဘေးဖြစ်နိုင်ခြေနည်းသည့် အစားအသောက်နှင့် ဘေးဖြစ်နိုင်ခြေ အလယ်အလတ်အဆင့် အစားအသောက်များအနေဖြင့် “Myanmar Food Laboratory Network” ၏ အသိအမှတ်ပြုထားသော ဓာတ်ခွဲခန်းများမှ (၃)လအတွင်း စစ်ဆေးထားသည့် စစ်ဆေးချက်အဖြေများတင်ပြလာပါက အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၏ ဓာတ်ခွဲခန်းတွင် ထပ်မံစစ်ဆေးရန် မလိုကြောင်း သိရသည်။


ထို့ပြင် အထူးထိန်းချုပ်အစားအသောက်များဖြစ်သော အမှတ်တံဆိပ်များပါသည့် ဘူးသွင်းသောက်ရေသန့်များ၊ အမှတ်တံဆိပ်များပါဝင်သည့် စားသုံးဆီများနှင့် ဘေးဖြစ်နိုင်‌ခြေများသည့် အစားအသောက်များသည် FDA Myanmar ၏ ယခုထုတ်ပြန်ချက်တွင် အကျုံးမဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

zawgyi version



ယွန်း (NP News) - ဧပြီ ၂


















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြင်သစ်နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲများ၊ အကြမ်းဖက်မှုများနှင့် မီးဟုန်းဟုန်းတောက်နေခိုက် တရုတ်နိုင်ငံသို့ သမ္မတမက်ခွန် အလည်အပတ်သွားရောက်မည်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved