ခရီးသည်တင်ကားကို အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်မှုကြောင့် ကလေးငယ်၊ သံဃာတော်အပါ အဝင် (၆)ဦး ထိခိုက်၊ သေဆုံးမှု တနင်္သာရီ၌ ဖြစ်ပွား
NP News - ဧပြီ ၂
ခရီးသည်တင်ကားကို အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်မှုကြောင့် ကလေးငယ်၊ သံဃာတော်အပါအဝင် (၆)ဦး ထိခိုက်၊ သေဆုံးမှု တနင်္သာရီမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၁ ရက်)၊ ည ၈ နာရီအချိန်ခန့်တွင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ နယ်၊ လယ်တောင်ယာကျေးရွာ နှင့် တမုတ်ချုံးကျေးရွာအကြား မြိတ်-ကော့သောင်းပြည် ထောင်စုလမ်းမပေါ်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ထွက်ခွာလာသည့် မြတ်မန္တလာထွန်းခရီးသည်တင်ကားကို အခင်းဖြစ်ပွားရာနေရာအရောက်၌ အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
“ ည ၈ နာရီလောက်မှာ ဖြစ်တာပေါ့။ မသွားတော့နဲ့လို့ တားတဲ့ဟာကို သူတို့က သွားတယ်။ အဲဒီမှာ အကြမ်းဖက်အဖွဲ့က ပစ်သွားတာပေါ့။ ခရီးသည်နှစ်ယောက် ကလေးတစ်ယောက်၊ အဒေါ်တစ်ယောက်က ဆုံးသွားတယ်။ စပါယ်ယာရယ်၊ ယာဥ်မောင်းရယ် နောက်ခရီးသည်နှစ်ယောက်က ဒဏ်ရာတွေ ရသွားတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် အသက်(၇)နှစ်အရွယ်ရှိ မယဉ်သဇင်အောင်နှင့် အသက်(၄၅)နှစ်အရွယ်ရှိ ဒေါ်ခင်မာကြည်တို့သည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့သော ကလေးငယ် မယဉ်သဇင်အောင်သည် ကော့သောင်းမြို့နယ်၊ ပုလုံးတုံးတုံးကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဒေါ်ခင်မာကြည်သည် ကျွန်းစုမြို့နယ်၊ ရှော်တောမော်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက်အဖွဲ့မှ ခရီးသည်တင်ကားအား ပစ်ခတ်မှုဖြစ်စဉ်အတွင်း သံဃာတော်(၂) ပါးနှင့် အမျိုးသား(၂)ဦးသည်လည်း ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့ကြောင်း တနင်္သာရီ တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုထားသည်။
တနင်္သာရီတိုင်းအတွင်း၌ အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရသော ကားအများအပြားရှိခဲ့ပြီး ၎င်းဖြစ်စဉ်များအတွင်း သေဆုံးသူ၊ ဒဏ်ရာရရှိသူများ ရှိခဲ့သည်ကို ဖြစ်စဉ်များအရ တွေ့ရှိရသည်။
zawgyi version
ခရီးသည္တင္ကားကို အၾကမ္းဖက္အဖြဲ႕မွ ပစ္ခတ္မႈေၾကာင့္ ကေလးငယ္၊ သံဃာေတာ္အပါ အဝင္ (၆)ဦး ထိခိုက္၊ ေသဆုံးမႈ တနသၤာရီ၌ ျဖစ္ပြား
NP News - ဧၿပီ ၂
ခရီးသည္တင္ကားကို အၾကမ္းဖက္အဖြဲ႕မွ ပစ္ခတ္မႈေၾကာင့္ ကေလးငယ္၊ သံဃာေတာ္အပါအဝင္ (၆)ဦး ထိခိုက္၊ ေသဆုံးမႈ တနသၤာရီၿမိဳ႕နယ္၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၁ ရက္)၊ ည ၈ နာရီအခ်ိန္ခန႔္တြင္ တနသၤာရီတိုင္း၊ တနသၤာရီၿမိဳ႕ နယ္၊ လယ္ေတာင္ယာေက်း႐ြာ ႏွင့္ တမုတ္ခ်ဳံးေက်း႐ြာအၾကား ၿမိတ္-ေကာ့ေသာင္းျပည္ ေထာင္စုလမ္းမေပၚ၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕မွ ေကာ့ေသာင္းၿမိဳ႕သို႔ ထြက္ခြာလာသည့္ ျမတ္မႏၲလာထြန္းခရီးသည္တင္ကားကို အခင္းျဖစ္ပြားရာေနရာအေရာက္၌ အၾကမ္းဖက္အဖြဲ႕မွ လက္နက္ငယ္မ်ားျဖင့္ ဝိုင္းဝန္းပစ္ ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း တနသၤာရီတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
“ ည ၈ နာရီေလာက္မွာ ျဖစ္တာေပါ့။ မသြားေတာ့နဲ႔လို႔ တားတဲ့ဟာကို သူတို႔က သြားတယ္။ အဲဒီမွာ အၾကမ္းဖက္အဖြဲ႕က ပစ္သြားတာေပါ့။ ခရီးသည္ႏွစ္ေယာက္ ကေလးတစ္ေယာက္၊ အေဒၚတစ္ေယာက္က ဆုံးသြားတယ္။ စပါယ္ယာရယ္၊ ယာဥ္ေမာင္းရယ္ ေနာက္ခရီးသည္ႏွစ္ေယာက္က ဒဏ္ရာေတြ ရသြားတယ္” ဟု ၎က ေျပာသည္။
ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ အသက္(၇)ႏွစ္အ႐ြယ္ရွိ မယဥ္သဇင္ေအာင္ႏွင့္ အသက္(၄၅)ႏွစ္အ႐ြယ္ရွိ ေဒၚခင္မာၾကည္တို႔သည္ အခင္းျဖစ္ပြားရာေနရာတြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။
ပစ္ခတ္ခံရမႈေၾကာင့္ ေသဆုံးသြားခဲ့ေသာ ကေလးငယ္ မယဥ္သဇင္ေအာင္သည္ ေကာ့ေသာင္းၿမိဳ႕နယ္၊ ပုလုံးတုံးတုံးေက်း႐ြာတြင္ ေနထိုင္သူျဖစ္ၿပီး ေဒၚခင္မာၾကည္သည္ ကြၽန္းစုၿမိဳ႕နယ္၊ ေရွာ္ေတာေမာ္ေက်း႐ြာတြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အၾကမ္းဖက္အဖြဲ႕မွ ခရီးသည္တင္ကားအား ပစ္ခတ္မႈျဖစ္စဥ္အတြင္း သံဃာေတာ္(၂) ပါးႏွင့္ အမ်ိဳးသား(၂)ဦးသည္လည္း က်ည္ေဖာက္ဝင္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း တနသၤာရီ တိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူက ဆက္လက္ေျပာဆိုထားသည္။
တနသၤာရီတိုင္းအတြင္း၌ အၾကမ္းဖက္အဖြဲ႕၏ ပစ္ခတ္တိုက္ခိုက္ျခင္းခံခဲ့ရေသာ ကားအမ်ားအျပားရွိခဲ့ၿပီး ၎ျဖစ္စဥ္မ်ားအတြင္း ေသဆုံးသူ၊ ဒဏ္ရာရရွိသူမ်ား ရွိခဲ့သည္ကို ျဖစ္စဥ္မ်ားအရ ေတြ႕ရွိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေဘိုမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း