Brexit အပြီး ဗြိတိန်၏ နယ်စပ်အစီအမံများအတွက် ဒေါ်လာ ၆ ဘီလျံ ကုန်ကျမည်
ALynn (NSS) - မေ ၂ဝ
စည်းမျဉ်းသစ်များ သတ်မှတ်ရာတွင် ထပ်ခါတလဲလဲ နှောင့်နှေးခဲ့ပြီးနောက် ဗြိတိန်အစိုးရသည် Brexit အပြီး နယ်စပ်အစီအမံများအတွက် အနည်းဆုံး ပေါင် ၄ ဒသမ ၇ ဘီလျံ (ဒေါ်လာ ၆ ဘီလျံ) သုံးစွဲမည်ဟု ခန့်မှန်းထား ကြောင်း ပါလီမန်၏ အသုံးစရိတ်စောင့်ကြည့်ရေးအဖွဲ့က တနင်္လာနေ့ (မေလ ၂ဝ ရက်) တွင် ပြောကြားခဲ့သည်။
ဗြိတိန်သည် ဥရောပသမဂ္ဂမှ နှုတ်ထွက်ရန် ၂ဝ၁၆ ခုနှစ်တွင် မဲပေးခဲ့သော်လည်း ထောက်ပံ့ရေးကွင်းဆက်များ နှင့် အကောက်ခွန်နယ်စပ်ကိစ္စများကို ရှင်းလင်းရန်ကျန်ရှိနေပြီး ယခုနှစ်တွင် စည်းမျဉ်းသစ်များ ချမှတ်သွားမည်ဖြစ် သည်။
ထပ်လောင်းထောက်ခံချက်လိုအပ်သော ဗြိတိန်၏ နယ်စပ်လည်ပတ်မှုပုံစံသစ်၏ ပထမအဆင့်သည် ဇန်နဝါရီ ၃၁ ရက်တွင် အသက်ဝင်ခဲ့သည်။ ဒုတိယအဆင့်ကို ဧပြီလ ၃ဝ ရက်တွင် စတင်ခဲ့ပြီး ဆိပ်ကမ်းများကြံ့ခိုင်ရေး စစ်ဆေးမှု များကို ပြုလုပ်ခဲ့သည်။ ဘေးကင်းရေးနှင့် လုံခြုံရေးဆိုင်ရာကြေညာချက်များ လိုအပ်သည့် တတိယအဆင့်ကို အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည်။
အမျိုးသားစာရင်းစစ်ရုံး (NAO) က အစိုးရ ခန့်မှန်းထားသည့် ပမာဏမှာ ပေါင် ၄ ဒသမ ၇ ဘီလျံဖြစ်ပြီး အစိုးရက Brexit အပြီး နယ်စပ်ဖြတ်ကျော် ကုန်စည်ဖြတ်သန်းမှုကို စီမံခန့်ခွဲရန်နှင့် အစီအစဉ်များ၏ သက်တမ်းတစ်လျှောက် စွမ်းဆောင်ရည်မြှင့်တင်ရန် အထူးခြားဆုံးအစီအစဉ် ၁၃ ခုတွင် သုံးစွဲမည်ဖြစ်သည်။ ဗြိတိန်အစိုးရက အီးယူမှ ထွက်ခွာသည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၁ ရက်ကတည်းက ထိန်းချုပ်မှုအပြည့်အဝဖြစ်ရန် အကောင်အထည် ဖော်ရာတွင် ငါးဆလောက် နှောင့်နှေးကြန့်ကြာနေခဲ့သည်။
ယင်းကြောင့် စီးပွားရေးလုပ်ငန်းများအတွက် မသေချာမရေရာမှုများ၊ အစိုးရနှင့် ဆိပ်ကမ်းများအတွက် အပိုကုန်ကျစရိတ်များ ဖြစ်ပေါ်စေပြီး ဗြိတိန်အတွက် ဇီဝလုံခြုံရေးအန္တရာယ်ကို တိုးလာစေသည်ဟု NAO မှ ပြောကြားခဲ့သည်။ ထို့ပြင် "သွင်းကုန်ထိန်းချုပ်မှုကို စတင်ရာတွင် ထပ်ခါတလဲလဲ နှောင့်နှေးမှုများနှင့် လိုအပ်ချက် များကို ခန့်မှန်းရန် အခက်အခဲများသည် နောက်ဆုံးတွင် အခြေခံအဆောက်အဦနှင့် ဝန်ထမ်းများအတွက် မလိုလား အပ်သော အစိုးရအသုံးစရိတ်များကို ကုန်ကျစေသည်" ဟု ၎င်းက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေစကြိုမြို့တွင် အသက်(၇၀)ဝန်းကျင်အရွယ် အငြိမ်းစားပညာရေးဝန်ထမ်း(၂)ဦး နေအိမ်အတွင်း၌ဓားဖြင့် အချက်ပေါင်းများစွာထိုးသတ်ခံခဲ့ရ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း