Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နှစ်နိုင်ငံကြားကုန်သွယ်မှုတွေမှာ ပြည်တွင်းသုံးငွေကြေးကိုသာ အသုံးပြုဖို့ တရုတ် နဲ့ ဘရာဇီးတို့ သဘောတူ

ဂျန်ဇက် (NP News) - ဧပြီ ၁


ယူကရိန်း နဲ့ ရုရှားကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ကမ္ဘာတဝှမ်းမှာ နိုင်ငံအများစုဟာ အမေရိကန်ဒေါ်လာ အသုံးပြုမှုတွေကိုလျှော့ချဖို့ စီစဉ်လျက်ရှိနေရာ ကမ္ဘာ့စီးပွားရေးအကောင်းဆုံးနိုင်ငံများထဲမှာပါဝင်နေတဲ့ တရုတ်နိုင်ငံဟာ ဘရာဇီးနိုင်ငံ နဲ့ ကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာ အသုံးပြုမှုတွေ စွန့်လွှတ်ဖို့ သဘောတူညီမှုရရှိခဲ့ကြောင်းသိရပါတယ်။


ဘရာဇီးနဲ့တရုတ်တို့ဟာ ရုရှား၊ အိန္ဒိယတို့ ဦးဆောင်ဖွဲ့စည်းထားတဲ့ BRICS အဖွဲ့ရဲ့အဓိက နိုင်ငံများဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဘရာဇီးနိုင်ငံရဲ့အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ နှစ်နိုင်ငံကြားအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ (၁၅ဝ)ဘီလျံကျော်ရှိနေခဲ့ပါတယ်။ ဘရာဇီးနဲ့တရုတ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာအသုံးပြုမှုကို စွန့်လွှတ်ပြီး နိုင်ငံစလုံးရဲ့ကိုယ်ပိုင်ငွေကြေးများ အသုံးပြုရေးသဘောတူစာချုပ်ကို ဒီသီတင်းပတ်အတွင်းလက်မှတ်ရေးထိုးဖို့ စီစဉ်ခဲ့ပါတယ်။


ဒါပေမယ့် ဘရာဇီးသမ္မတဟာ ကျန်းမာရေးအခြေအနေကြောင့် တရုတ်နိုင်ငံကိုသွားရောက်မယ့်အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့တဲ့အတွက် အပြီးသတ်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပါဘူး။ဘရာဇီးကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအေဂျင်စီက "တရုတ် နဲ့ ကုန်သွယ်မှုတွေမှာ နှစ်နိုင်ငံစလုံးရဲ့ပြည်တွင်း ငွေကြေးတွေအသုံးပြုမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကိုလျှော့ချနိုင်မှာဖြစ်ပြီး အပြန်အလှန်ကုန်သွယ်မှုတွေ ပိုမိုတိုးမြင့်လာနိုင်ဖွယ်ရှိပါတယ်" လို့ပြောပါတယ်။


တရုတ်နိုင်ငံဟာ ပြင်သစ်စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ TotalEnergies ထံကနေ ဓါတ်ငွေ့အရည်ဝယ်ယူရာမှာလည်း ငွေကြေးကို တရုတ်နိုင်ငံသုံး ယွမ်နဲ့သာ ပေးချေဖို့ သဘောတူညီထားပါတယ်။ အမေရိကန်ဒေါ်လာဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းကတည်းက ကမ္ဘာ့အရန်ငွေအဖြစ် နှစ်ပေါင်းများစွာကြာရပ်တည်လာခဲ့ပြီး နိုင်ငံတကာ ကုန်သွယ်မှုတွေရဲ့ငွေပေးချေမှုတွေမှာအမေရိကန်ဒေါ်လာကို အသုံးပြုပေးချေခဲ့ပါတယ်။ လက်ရှိအချိန်မှာ အမေရိကန် ဒေါ်လာလွှမ်းမိုးမှုတွေကို လျှော့ချနိုင်အောင် တရုတ်၊ ရုရှားတို့က ဦးဆောင်ပြီးလုပ်ဆောင်လျက်ရှိနေပါတယ်။


ရုရှားနိုင်ငံက ၎င်းတို့ရဲ့ဓါတ်ငွေ့ဝယ်ယူမယ့်ပြည်ပနိုင်ငံများကို ပြည်တွင်းနိုင်ငံသုံးရူဘယ်လ်ငွေကြေးနဲ့ပေးချေဝယ်ယူဖို့ သတ်မှတ်ထားသလို အိန္ဒိယ၊ တရုတ်တို့နဲ့ ဓါတ်ငွေ့ဝယ်ယူမှုတွေမှာ အမေရိကန်ဒေါ်လာကို အသုံးမပြုတော့ဘဲ ပြည်တွင်းသုံးငွေကြေးတွေဖြစ်တဲ့ ရူဘယ်လ်၊ယွမ် နဲ့ ရူပီးတို့ကိုအသုံးပြုနေခဲ့ပါတယ်။ အိုပက်ရေနံရောင်းသူများအုပ်စုရဲ့ဦးဆောင်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဗျကလည်း တရုတ် နဲ့ ရေနံကုန်သွယ်မှုတွေမှာ ယွမ်ကိုအသုံးပြုဖို့ လက်ခံသဘောတူညီထားပါတယ်။

zawgyi version

ႏွစ္ႏိုင္ငံၾကားကုန္သြယ္မႈေတြမွာ ျပည္တြင္းသုံးေငြေၾကးကိုသာ အသုံးျပဳဖို႔ တ႐ုတ္ နဲ႔ ဘရာဇီးတို႔ သေဘာတူ

ဂ်န္ဇက္ (NP News) - ဧၿပီ ၁


ယူကရိန္း နဲ႔ ႐ုရွားၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ကမာၻတဝွမ္းမွာ ႏိုင္ငံအမ်ားစုဟာ အေမရိကန္ေဒၚလာ အသုံးျပဳမႈေတြကိုေလွ်ာ့ခ်ဖို႔ စီစဥ္လ်က္ရွိေနရာ ကမာၻ႔စီးပြားေရးအေကာင္းဆုံးႏိုင္ငံမ်ားထဲမွာပါဝင္ေနတဲ့ တ႐ုတ္ႏိုင္ငံဟာ ဘရာဇီးႏိုင္ငံ နဲ႔ ကုန္သြယ္မႈေတြမွာ အေမရိကန္ေဒၚလာ အသုံးျပဳမႈေတြ စြန႔္လႊတ္ဖို႔ သေဘာတူညီမႈရရွိခဲ့ေၾကာင္းသိရပါတယ္။


ဘရာဇီးနဲ႔တ႐ုတ္တို႔ဟာ ႐ုရွား၊ အိႏၵိယတို႔ ဦးေဆာင္ဖြဲ႕စည္းထားတဲ့ BRICS အဖြဲ႕ရဲ႕အဓိက ႏိုင္ငံမ်ားျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ဘရာဇီးႏိုင္ငံရဲ႕အႀကီးမားဆုံးကုန္သြယ္ဖက္ႏိုင္ငံျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္မွာ ႏွစ္ႏိုင္ငံၾကားအျပန္အလွန္ကုန္သြယ္မႈတန္ဖိုးက အေမရိကန္ေဒၚလာ (၁၅ဝ)ဘီလ်ံေက်ာ္ရွိေနခဲ့ပါတယ္။ ဘရာဇီးနဲ႔တ႐ုတ္ႏိုင္ငံၾကား အျပန္အလွန္ကုန္သြယ္မႈေတြမွာ အေမရိကန္ေဒၚလာအသုံးျပဳမႈကို စြန႔္လႊတ္ၿပီး ႏိုင္ငံစလုံးရဲ႕ကိုယ္ပိုင္ေငြေၾကးမ်ား အသုံးျပဳေရးသေဘာတူစာခ်ဳပ္ကို ဒီသီတင္းပတ္အတြင္းလက္မွတ္ေရးထိုးဖို႔ စီစဥ္ခဲ့ပါတယ္။


ဒါေပမယ့္ ဘရာဇီးသမၼတဟာ က်န္းမာေရးအေျခအေနေၾကာင့္ တ႐ုတ္ႏိုင္ငံကိုသြားေရာက္မယ့္အစီအစဥ္ကို ေ႐ႊ႕ဆိုင္းခဲ့တဲ့အတြက္ အၿပီးသတ္လက္မွတ္ေရးထိုးႏိုင္ျခင္းမရွိေသးပါဘူး။ဘရာဇီးကုန္သြယ္ေရးနဲ႔ရင္းႏွီးျမႇဳပ္ႏွံမႈ တိုးျမႇင့္ေရးေအဂ်င္စီက "တ႐ုတ္ နဲ႔ ကုန္သြယ္မႈေတြမွာ ႏွစ္ႏိုင္ငံစလုံးရဲ႕ျပည္တြင္း ေငြေၾကးေတြအသုံးျပဳမွာျဖစ္တဲ့အတြက္ ကုန္က်စရိတ္ကိုေလွ်ာ့ခ်ႏိုင္မွာျဖစ္ၿပီး အျပန္အလွန္ကုန္သြယ္မႈေတြ ပိုမိုတိုးျမင့္လာႏိုင္ဖြယ္ရွိပါတယ္" လို႔ေျပာပါတယ္။


တ႐ုတ္ႏိုင္ငံဟာ ျပင္သစ္စြမ္းအင္ကုမၸဏီျဖစ္တဲ့ TotalEnergies ထံကေန ဓါတ္ေငြ႕အရည္ဝယ္ယူရာမွာလည္း ေငြေၾကးကို တ႐ုတ္ႏိုင္ငံသုံး ယြမ္နဲ႔သာ ေပးေခ်ဖို႔ သေဘာတူညီထားပါတယ္။ အေမရိကန္ေဒၚလာဟာ ဒုတိယကမာၻစစ္ေနာက္ပိုင္းကတည္းက ကမာၻ႔အရန္ေငြအျဖစ္ ႏွစ္ေပါင္းမ်ားစြာၾကာရပ္တည္လာခဲ့ၿပီး ႏိုင္ငံတကာ ကုန္သြယ္မႈေတြရဲ႕ေငြေပးေခ်မႈေတြမွာအေမရိကန္ေဒၚလာကို အသုံးျပဳေပးေခ်ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ အေမရိကန္ ေဒၚလာလႊမ္းမိုးမႈေတြကို ေလွ်ာ့ခ်ႏိုင္ေအာင္ တ႐ုတ္၊ ႐ုရွားတို႔က ဦးေဆာင္ၿပီးလုပ္ေဆာင္လ်က္ရွိေနပါတယ္။


႐ုရွားႏိုင္ငံက ၎တို႔ရဲ႕ဓါတ္ေငြ႕ဝယ္ယူမယ့္ျပည္ပႏိုင္ငံမ်ားကို ျပည္တြင္းႏိုင္ငံသုံး႐ူဘယ္လ္ေငြေၾကးနဲ႔ေပးေခ်ဝယ္ယူဖို႔ သတ္မွတ္ထားသလို အိႏၵိယ၊ တ႐ုတ္တို႔နဲ႔ ဓါတ္ေငြ႕ဝယ္ယူမႈေတြမွာ အေမရိကန္ေဒၚလာကို အသုံးမျပဳေတာ့ဘဲ ျပည္တြင္းသုံးေငြေၾကးေတြျဖစ္တဲ့ ႐ူဘယ္လ္၊ယြမ္ နဲ႔ ႐ူပီးတို႔ကိုအသုံးျပဳေနခဲ့ပါတယ္။ အိုပက္ေရနံေရာင္းသူမ်ားအုပ္စုရဲ႕ဦးေဆာင္ႏိုင္ငံျဖစ္တဲ့ ေဆာ္ဒီအာေရးဗ်ကလည္း တ႐ုတ္ နဲ႔ ေရနံကုန္သြယ္မႈေတြမွာ ယြမ္ကိုအသုံးျပဳဖို႔ လက္ခံသေဘာတူညီထားပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပီအက်စ်ဂျီတိုက်စစ်မှူးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်သာ ခေါ်ယူလိုတဲ့ ရီးရဲလ်မက်ဒရစ်အသင်း

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved