Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်က တရုတ်သွင်းကုန်များအပေါ် အခွန်စည်းကြပ်မှုအသစ်များချမှတ်

ALynn (NSS) - မေ ၁၅

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်အားစုနှစ်ခုအကြား ပွတ်တိုက်မှုဖြစ်စေမည့် တရုတ်၏ လျှပ်စစ်ကားများ၊ ဘက်ထရီ၊ ဆိုလာ၊ စတီးလ်၊ အလူမီနီယံနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများအပေါ် အကောက်ခွန်နှုန်းထားအသစ်များ သတ်မှတ်ဖို့ ကြိုးပမ်းလာသည်။ 


ဘိုင်ဒင်က ပြည်တွင်းရှိ တရုတ်ကုမ္ပဏီများကြောင့် အမေရိကန်ကုမ္ပဏီများမှာ အကျိုးအမြတ်မရရှိဘဲ ကမ္ဘာ့ကုန်သွယ်ရေးတွင် မျှတမှုမရှိသလိုဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ပြိုင်ဆိုင်မှု မျှတသရွေ့ အမေရိကန်အလုပ်သ မားများသည် တရားမျှတမှုရှိစွာ အားသွန်ခွန်စိုက် ယှဉ်ပြိုင်နေဦးမည်ဖြစ် ကြောင်း၊ သို့သော် တရုတ်အစိုးရက နိုင်ငံတော်ပိုင်ငွေများကိုအသုံးပြု၍ တရုတ်ကုမ္ပဏီများကို လည်ပတ်စေသောကြောင့် တရားမျှတမှုမရှိသလိုဖြစ်နေကြောင်း”လည်း ပြောကြားခဲ့သည်။ 

အမေရိကန်၏ အခွန်တိုးမြှင့်သတ်မှတ်ခြင်းအပေါ် တရုတ်က ချက်ချင်း လက်တုံ့ပြန်မည်ဟု ကတိပြုခဲ့သည်။ အမေရိကန်၏ အခွန်စည်းကြပ်မှု တိုးမြှင့်ခြင်းကို တရုတ်ကဆန့်ကျင်ပြီး ၎င်း၏အကျိုးစီးပွားများကို ကာကွယ်ရန် ဆောင်ရွက်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အမေရိကန်၏ အကောက်ခွန်နှုန်းအသစ်သည် သံမဏိနှင့် အလူမီနီယံ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ လျှပ်စစ်ကားများ၊ ဓာတ်သတ္တုများ၊ ဆိုလာဆဲလ်များနှင့် ကရိန်းများအပါအဝင် တရုတ်သွင်းကုန် ပစ္စည်းတန်ဖိုး ဒေါ်လာ ၁၈ ဘီလျံအပေါ် သက်ရောက်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။ EV ကာများအပေါ် အခွန်တိုးမြှင့်သတ်မှတ်သော်လည်း အမေရိကန်သို့ တင်သွင်းသော တရုတ် EV အရေအတွက်မှာ အလွန်နည်းပါးသည့်အတွက် ယင်းမှာ နိုင်ငံရေးအရ သက်ရောက်မှုအတွက်သာ ပြုမူခြင်းဖြစ်သည်မှာ သိသာနေသည်။

အမေရိကန်သည် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများ ဒေါ်လာ ၄၂၇ ဘီလျံဖိုးတင်သွင်းခဲ့ပြီး တရုတ်သို့ ဒေါ်လာ ၁၄၈ ဘီလျံဖိုးခန့်သာ ပြန်လည်တင်ပို့နိုင်ခဲ့သည်။ ထို့ကြောင့် ဆယ်စုနှစ်များစွာကြာ ကုန်သွယ်ရေးကွာဟမှု ဆက်လက်ဖြစ်ပေါ်နေသောကြောင့် အမေရိကန်အတွက်  ကုန် သွယ်ရေးမှာ အကဲဆတ်သည့်အကြောင်းအရာဖြစ်လာကြောင်း သိရသည်။ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Tai က တရုတ်သည် အမေရိကန်၏ ဉာဏမူပိုင်ခွင့်ကို ခိုးယူခြင်းကြောင့် ယခုအခွန်စည်းကြပ်မှုအသစ်သည် တရားမျှတကြောင်း ပြောကြားခဲ့သည်။ သို့သော် Tai သည် နေရောင်ခြည်စွမ်းအင်သုံး စက်ကိရိယာ ၁၉ ခု အပါအဝင် တရုတ်နိုင်ငံမှ ရာနှင့်ချီသော စက်မှုစက်ပစ္စည်းတင်သွင်းမှု အမျိုးအစားများအတွက် အခွန်ကင်းလွတ်ခွင့်ကို အကြံပြုထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂) သင်တန်းကို တိုင်းစစ်ဌာနချုပ်အသီးသီး၌ စတင်ဖွင့်လှစ်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved