အိန္ဒိယက ပြည်ပတင်ပို့မှု တားမြစ်ချက်ကို ရုတ်သိမ်းလိုက်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် ကြက်သွန်နီ တင်သွင်းမှု ပြန်လည်စတင်
Htay Oung (NSS) - မေ ၁၅
အိန္ဒိယအစိုးရက သူ့နိုင်ငံမှာ ၅ လကျော်ကြာ တားမြစ်ခဲ့တဲ့ ပြည်ပတင်ပို့မှုကို ရုတ်သိမ်းလိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်ဘက် ဒီနာ့ဂျ်ပူနယ်စပ်မြို့ ဟီလီဂိတ်မှတဆင့် ကြက်သွန်နီတင်သွင်းမှု ပြန်လည်စတင် ကြောင်း တွေ့ရှိရတယ်လို့ ယမန်နေ့(မေလ ၁၄ ရက်) ဒါကာထရိုင်ဗြွန်းသတင်းစာက ရေးသားပါတယ်။
အင်္ဂါနေ့ ညနေ ၆း၃၀ နာရီမှာ အိန္ဒိယနိုင်ငံမှကြက်သွန်နီ ကုန်တင်ယာဉ်များ ရောက်ရှိလာခြင်းဖြင့် တင်သွင်းမှု စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ မဘာတီအင်တာနေရှင်နယ်မှ ကြက်သွန်နီများကို ဘိုဂရာမြို့ အာရ်အက်စ်ဒီအင်တာပရိုက်စ်မှ တန်ချိန် ၃၀ တင်သွင်းလာတယ်လို့ သိရှိရကြောင်း၊ မေလ ၄-ရက်နေ့မှာ အိန္ဒိယအစိုးရက တားမြစ်ချက်ကို ရုတ်သိမ်းလိုက်ပြီးနောက် တင်သွင်းသူတွေက IP နဲ့ LC ဖွင့်လှစ်ခြင်းအပါအဝင် ကုန်သွယ်ရေးကိစ္စများ အား လုံးကို ဆောင်ရွက်ခဲ့ရကြောင်း၊ ကြက်သွန်နီများပေါ်မှာ အိန္ဒိယအစိုးရက ပို့ကုန်ခွန် ၄၀% ချမှတ်ထားတယ်လို့ ကုန်သည်ကြီးတစ်ဦးရဲ့ ကိုယ်စားလှယ်ဖြစ်သူက ရှင်းပြပါတယ်။
တင်သွင်းတဲ့ ကြက်သွန်နီတွေရဲ့ ဒီကိုအရောက်ဈေးနှုန်းဟာ တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ ဝ.၅၅ မှ ဝ.၆၀ ဈေးရှိနေကြောင်း ပြည်တွင်းဈေးကွက်မှာလည်း ဈေးနှုန်းကျဆင်းနေတဲ့အတွက် ယခုတစ်ကြိမ် ကြက် သွန်နီတင်သွင်းခြင်းကို စိတ်မဝင်စားသူ မရှိသလောက်ပဲလို့ ဆိုပါတယ်။
ကြက်သွန်နီ ၅ တန် တင်သွင်းမှုအတွက် တာကာငွေ ၅ ဒသမ ၄၅ သိန်း ပေးချေရပြီး ဘင်္ဂလားဒေ့ရှ် အစိုးရကိုလည်း အကောက်ခွန် တာကာငွေ ၂ သိန်း ပေးဆောင်ရန် လိုအပ်ကြောင်း သိရှိရပါတယ်။
ကြက်သွန်တင်ပို့မှု တားမြစ်ချက်ကို အိန္ဒိယကရုတ်သိမ်းလိုက်ပေမယ့် စောစောပိုင်း ချမှတ်ထားတဲ့ အခွန် ၄၀ ရာခိုင်နှုန်းကို မရုပ်သိမ်းသေးတဲ့အတွက် တင်သွင်းမှု စတင်ချိန်မှ ယခုထိ ဘင်္ဂလားဒေ့ရှ်ကုန်သည်များအတွက် အဆင်မပြေမှု အချို့ရှိနေပါတယ်။ အိန္ဒိယအစိုးရကို ပို့ကုန်ခွန် ၄၀% မပေးမချင်း ကုန်တင်သွင်းခွင့် မရရှိပဲ ပြည် တွင်းရောက်တဲ့အခါမှာလည်း တစ်ကီလိုလျှင် ၂၅ တာကာနှုန်း အခွန် ထပ်ပေးနေရပါတယ်။ ဒီအတွက် ကုန် ကား ရပ်နားခများ အပါအဝင် ကုန်ကျစရိတ်အားလုံးကို ပေးဆောင်ပြီးနောက် ကြက်သွန်နီ တစ်ကီလိုလျှင် ကန်ဒေါ် လာ ဝ.၆၀ အထိဖြစ်သွားရပါတယ်။
ပုပ်သိုးလွယ်တဲ့ ကုန်ပစ္စည်းများဖြစ်တာကြောင့် အပူချိန်တစ်ခုမှာ လျင်မြန်စွာ ပျက်စီးသွားနိုင်ပြီး အကောက်ခွန် လုပ်ငန်းစဉ်များကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်ဖို့ လိုအပ်နေပါတယ်။
အိန္ဒိယအစိုးရဟာ ပြည်တွင်း ကြက်သွန်နီ် ဈေးနှုန်းမြင့်တက်မှု အကျပ်အတည်းကြောင့် ယမန်နှစ် ဒီဇင်ဘာ ၇ ရက်နေ့မှာ ကြက်သွန်ပြည်ပတင်ပို့မှု တားမြစ်ခဲ့ပါတယ်။ လောလောဆယ် ဘင်္ဂလားဒေ့ရှ်ကုန်သည် ၂၀ ဦးတို့ဟာ နိုင်ငံအနောက်ပိုင်း ဟီလီနယ်စပ်ဂိတ်မှတဆင့် ကြက်သွန်နီ ၂၇,၀၀၀ တန် တင်သွင်းခွင့်ရရှိထားတယ်လို့ သတင်းမှာဆက်လက်ဖော်ပြပါတယ်။
(Dhaka Tribune., 14 May 2024,” Onion import resumes though Hili port as India lifts export ban” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေပြည်သာမြို့နယ်တွင် တွဲကားနှင့်ဘေးတွဲဆိုင်ကယ်တို့တိုက်မိပြီးနောက် ဘေးတွဲယာဉ်မောင်းကားကြိတ်ခံရ၍ပွဲချင်းပြီးသေဆုံး
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း