တက်နေလင်း Express ကားတိမ်းမှောက်ရာ (၂၂)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
Pearl (NP News) – ဧပြီ ၁
တောင်ကြီး-မိတ္ထီလာသွားကားလမ်းတွင် တက်နေလင်း Express ကား တိမ်းမှောက်ရာ (၂၂)ဦးထက် မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၃၁ ရက်)၊ ည (၈)နာရီ၊ (၁၅)မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရှိ တောင်ကြီး-မိတ္ထီလာသွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ်(၅၆/၇)နှင့် (၅၇/ဝ)ကြားတွင် တောင်ကြီးမှ ပဲခူးသို့ မောင်းနှင်လာသော တက်နေလင်း Express ကားသည် အရှိန်မထိန်းနိုင်ဖြစ်ကာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
"မှောက်တာက ကျွန်တော်တို့နဲ့ ၁၅ မိုင်ဝေးတယ် ၊ မြေပြန့်ဘက်ဆင်းတဲ့ဘက်မှာပါ၊ တက်နေလင်း Express ကားလို့ သိရပါတယ်၊ တောင်ကြီး နဲ့ ပဲခူး ပြေးဆွဲတဲ့ကားပါ၊ ယာဉ်မောင်းက အရှိန်မထိန်းနိုင်ဘဲ ဆွဲချလိုက်တဲ့သဘော၊ ကွေ့ကို ဒဲ့မောင်းလိုက်တာပေါ့။ လမ်းဘေးမှာ ဆိုင်ပုံစံမျိုး အိမ်လေးရှိနေလို့ ချောက်ထဲ မကျတာ" ဟု ကလောမြို့နယ်မီးသတ်စခန်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ယာဉ်မောင်းအပါအဝင် အမျိုးသား (၁၂)ဦးနှင့် အမျိုးသမီး (၁ဝ)ဦး စုစုပေါင်း (၂၂)ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရရှိသူများအား ကလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး စိုးရိမ်စရာအခြေအနေမဟုတ်ကြောင်း သိရသည်။
zawgyi version
တက္ေနလင္း Express ကားတိမ္းေမွာက္ရာ (၂၂)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိ
Pearl (NP News) – ဧၿပီ ၁
ေတာင္ႀကီး-မိတၳီလာသြားကားလမ္းတြင္ တက္ေနလင္း Express ကား တိမ္းေမွာက္ရာ (၂၂)ဦးထက္ မနည္းထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၃၁ ရက္)၊ ည (၈)နာရီ၊ (၁၅)မိနစ္အခ်ိန္ခန႔္တြင္ ရွမ္းျပည္နယ္၊ ကေလာၿမိဳ႕နယ္ရွိ ေတာင္ႀကီး-မိတၳီလာသြား ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျပည္ေထာင္စုလမ္းမႀကီး၏ မိုင္တိုင္အမွတ္(၅၆/၇)ႏွင့္ (၅၇/ဝ)ၾကားတြင္ ေတာင္ႀကီးမွ ပဲခူးသို႔ ေမာင္းႏွင္လာေသာ တက္ေနလင္း Express ကားသည္ အရွိန္မထိန္းႏိုင္ျဖစ္ကာ တိမ္းေမွာက္သြားခဲ့ေၾကာင္း သိရသည္။
"ေမွာက္တာက ကြၽန္ေတာ္တို႔နဲ႔ ၁၅ မိုင္ေဝးတယ္ ၊ ေျမျပန႔္ဘက္ဆင္းတဲ့ဘက္မွာပါ၊ တက္ေနလင္း Express ကားလို႔ သိရပါတယ္၊ ေတာင္ႀကီး နဲ႔ ပဲခူး ေျပးဆြဲတဲ့ကားပါ၊ ယာဥ္ေမာင္းက အရွိန္မထိန္းႏိုင္ဘဲ ဆြဲခ်လိုက္တဲ့သေဘာ၊ ေကြ႕ကို ဒဲ့ေမာင္းလိုက္တာေပါ့။ လမ္းေဘးမွာ ဆိုင္ပုံစံမ်ိဳး အိမ္ေလးရွိေနလို႔ ေခ်ာက္ထဲ မက်တာ" ဟု ကေလာၿမိဳ႕နယ္မီးသတ္စခန္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
ထိုသို႔ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာေသာ ယာဥ္ေမာင္းအပါအဝင္ အမ်ိဳးသား (၁၂)ဦးႏွင့္ အမ်ိဳးသမီး (၁ဝ)ဦး စုစုေပါင္း (၂၂)ဦး တို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဒဏ္ရာရရွိသူမ်ားအား ကေလာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး စိုးရိမ္စရာအေျခအေနမဟုတ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်ကို သတိပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ထိုင်ဝမ်ရေလက်ကြားကို တရုတ်တိုက်လေယာဥ်များ ဖြတ်ကျော်ဝင်ရောက်ခဲ့ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း