နယူးဇီလန်မှာ သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦး သေဆုံးမှုကြောင့် သိုး ၁ ကောင် ပစ်သတ်ခံရ
ရောင်နီ (NSS) - ဧပြီ ၂၀
နယူးဇီလန်နိုင်ငံမှာ လယ်ကွင်းတစ်ခုအတွင်း သက်ကြီးရွယ်အို စုံတွဲတစ်တွဲ သေဆုံးမှု ဖြစ်ပွားခဲ့ပြီး သိုးတစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့်လို့ သံသယရှိခြင်းကြောင့် သိုးထီး တစ်ကောင် ပစ်သတ်ခံခဲ့ရတယ်လို့ အာဏာပိုင်တွေနဲ့ ဒေသတွင်းမီဒီယာတွေက ပြောကြားခဲ့ပါတယ်။
ယင်းအသက်ကြီး အမျိုးသားနဲ့ အမျိုးသမီးကို ဧပြီလ (၁၈) ရက် နံနက်ပိုင်းက West Auckland ရှိ အိမ်ရာမှာ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က သေဆုံးမှုဟာ စပါးခင်းထဲရှိနေတဲ့ သိုးထီးတစ်ကောင်ကြောင့် ဖြစ်နိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။
အဆိုပါ အဝန်းအဝိုင်းအတွင်း သိုးထီးတစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် အခြား အမည်မသိလူတစ်ဦးလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သလို ရဲတပ်ဖွဲ့နဲ့ ဝန်ထမ်းတွေလည်း သိုးတစ်ကောင်ရံ တိုက်ခိုက်မှုခံခဲ့ရတာကြောင့် ခုခံရင်းကနေ သိုးကို သေနတ်နဲ့ ပစ်ခတ်မိခဲ့ပြီး သိုးဟာ အခင်းဖြစ်ရာနေရာမှာတင် သေဆုံးသွားခဲ့တယ် လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က သက်ကြီးစုံတွဲ သေဆုံးရမှုကို စုံစမ်းစစ်ဆေးနေပြီး သောကြာနေ့(ဧပြီလ ၁၉ ရက်) မှာ ရင်ခွဲစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
နယူးဇီလန်မှာ လူဦးရေ ၅ သန်းခန့်ရှိပြီး သိုးအကောင်ရေ ၂၅ သန်းခန့်လည်း နေထိုင်ကျက်စားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကင်ညာတွင် စစ်ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ပြီး စစ်တပ်အကြီးအကဲ အပါအဝင် လူ(၁ဝ)ဦး သေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း