မေလမှစ၍ ဖောင်းကြွနံပါတ်ပြားပုံစံအသစ် မတပ်ဆင်သည့် မော်တော်ယာဉ်များကို အရေးယူမည်
မျိုးကြီး (NP News) - ဧပြီ ၁
လာမည့် မေလမှစ၍ ဖောင်းကြွနံပါတ်ပြားပုံစံအသစ် မတပ်ဆင်သည့် မော်တော်ယာဉ်များကို စတင်အရေးယူသွားမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကြေညာထားသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မော်တော်ယာဉ်များအားလုံး အနေဖြင့် ၂ဝ၂၃ ခုနှစ် မတ်လ ၃၁ ရက်အပြီး ဖောင်းကြွနံပါတ် ပြားပုံစံအသစ်ပြောင်းလဲတပ်ဆင်ကြရန် ကြေညာမှုရှိခဲ့သည်။
သို့သော် လက်ရှိတွင် သတ်မှတ်ကာလ စေ့ရောက်ပြီဖြစ်သော်လည်း ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ရန် ယာဉ်အချို့ ကျန်ရှိနေသည့်အတွက် ယခုဧပြီလအား ပညာပေးကာလအဖြစ် သတ်မှတ်ကာ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကညနမှ ကြေညာထားသည်။
မော်တော်ယာဉ်များ ဖောင်းကြွနံပါတ်ပြားပုံစံအသစ် တပ်ဆင်ခြင်းနှင့်ပတ်သက်၍ ပညာပေးကာလကျော်လွန်ပါက လိုအပ်သည့် စစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကညနမှ ဆိုသည်။
ထို့ကြောင့် မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများသို့ ဆက်သွယ်ကာ ဖောင်းကြွနံပါတ်ပြားပုံစံအသစ်များ အမြန်ဆုံးပြောင်းလဲတပ်ဆင်ကြရန် ထပ်မံ၍ အသိပေးတိုက်တွန်းထားသည်။
နိုင်ငံပိုင်ဌာနဆိုင်ရာယာဉ်များ၊ အဝေးပြေးခရီးသည်တင်ယာဉ်များ၊ မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများ၊ တက္ကစီယာဉ်များ၊ ကုန်တင်ယာဉ်များအားလုံးကို ဖောင်းကြွနံပါတ်ပြားပုံစံအသစ်များကို ပြောင်းလဲတပ်ဆင်ပေးရာတွင် ရာနှုန်းပြည့်နီးပါး ပြီးစီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိပိုင် လူစီးမော်တော်ယာဉ်အစီးရေမှာ စုစုပေါင်း (၆)သိန်းနှင့်အထက်ရှိကြောင်း ကညန၏ သတင်းအချက်အလက်များအရ သိရသည်။
zawgyi version
ေမလမွစ၍ ေဖာင္းႂကြနံပါတ္ျပားပုံစံအသစ္ မတပ္ဆင္သည့္ ေမာ္ေတာ္ယာဥ္မ်ားကို အေရးယူမည္
မ်ိဳးႀကီး (NP News) - ဧၿပီ ၁
လာမည့္ ေမလမွစ၍ ေဖာင္းႂကြနံပါတ္ျပားပုံစံအသစ္ မတပ္ဆင္သည့္ ေမာ္ေတာ္ယာဥ္မ်ားကို စတင္အေရးယူသြားမည္ျဖစ္ေၾကာင္း ကုန္လမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနက ေၾကညာထားသည္။
ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနက ေမာ္ေတာ္ယာဥ္မ်ားအားလုံး အေနျဖင့္ ၂ဝ၂၃ ခုႏွစ္ မတ္လ ၃၁ ရက္အၿပီး ေဖာင္းႂကြနံပါတ္ ျပားပုံစံအသစ္ေျပာင္းလဲတပ္ဆင္ၾကရန္ ေၾကညာမႈရွိခဲ့သည္။
သို႔ေသာ္ လက္ရွိတြင္ သတ္မွတ္ကာလ ေစ့ေရာက္ၿပီျဖစ္ေသာ္လည္း ေဖာင္းႂကြနံပါတ္ျပားပုံစံအသစ္ ေျပာင္းလဲတပ္ရန္ ယာဥ္အခ်ိဳ႕ က်န္ရွိေနသည့္အတြက္ ယခုဧၿပီလအား ပညာေပးကာလအျဖစ္ သတ္မွတ္ကာ ဆက္လက္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ကညနမွ ေၾကညာထားသည္။
ေမာ္ေတာ္ယာဥ္မ်ား ေဖာင္းႂကြနံပါတ္ျပားပုံစံအသစ္ တပ္ဆင္ျခင္းႏွင့္ပတ္သက္၍ ပညာေပးကာလေက်ာ္လြန္ပါက လိုအပ္သည့္ စစ္ေဆးအေရးယူမႈမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း ကညနမွ ဆိုသည္။
ထို႔ေၾကာင့္ ေမာ္ေတာ္ယာဥ္ပိုင္ရွင္မ်ားအေနျဖင့္ သက္ဆိုင္ရာကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန႐ုံးမ်ားသို႔ ဆက္သြယ္ကာ ေဖာင္းႂကြနံပါတ္ျပားပုံစံအသစ္မ်ား အျမန္ဆုံးေျပာင္းလဲတပ္ဆင္ၾကရန္ ထပ္မံ၍ အသိေပးတိုက္တြန္းထားသည္။
ႏိုင္ငံပိုင္ဌာနဆိုင္ရာယာဥ္မ်ား၊ အေဝးေျပးခရီးသည္တင္ယာဥ္မ်ား၊ ၿမိဳ႕တြင္း ခရီးသည္တင္ ယာဥ္လိုင္းမ်ား၊ တကၠစီယာဥ္မ်ား၊ ကုန္တင္ယာဥ္မ်ားအားလုံးကို ေဖာင္းႂကြနံပါတ္ျပားပုံစံအသစ္မ်ားကို ေျပာင္းလဲတပ္ဆင္ေပးရာတြင္ ရာႏႈန္းျပည့္နီးပါး ၿပီးစီးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ ပုဂၢလိပိုင္ လူစီးေမာ္ေတာ္ယာဥ္အစီးေရမွာ စုစုေပါင္း (၆)သိန္းႏွင့္အထက္ရွိေၾကာင္း ကညန၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စွဲချက်တင်ခံရပြီးနောက် ဒေါ်နယ်ထရမ့်အနေဖြင့် တစ်ရက်အတွင်း အလှူငွေ (၄)သန်းကျော်ရရှိခဲ့ဟုဆို
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း