အရှေ့အလယ်ပိုင်းဒေသအကျပ်အတည်းများကြားတွင် ရေနံအကျိုးအမြတ်များပြားလာ
ALynn (NSS) - ဧပြီ ၁၁
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကြောင့် ရင်းနှီးမြှုပ်နှံသူများက အခြေအနေပိုမို ဆိုးရွားသွားခြင်းမရှိအောင် ထိန်းထားနေရသည်။ ရေနံဈေးနှုန်းများသည် အစောပိုင်းကာလအတွင်း တစ်စည်လျှင် တစ်ဒေါ်လာဈေးနှုန်းတက်ပြီးနောက် ယနေ့ (ဧပြီလ ၁၁ ရက်) တွင် အာရှကုန်သွယ်ရေးတွင် ဈေးတည်ငြိမ်မှုရှိလာကြောင်း တွေ့ရသည်။
၎င်းအရှေ့အလယ် ပိုင်းပဋိပက္ခများတွင် OPEC ၏ တတိယရေနံထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်သူ အီရန်လည်းပါဝင် နေသည်။ Brent ရေနံစိမ်းဈေးနှုန်းခန့်မှန်းခြေသည် တစ်စည်လျှင် ၄ ဆင့်မှ ၉၀ ဒသမ ၅၂ ဒေါ်လာသို့ တက်သွားပြီး အမေရိကန် West Texas Intermediate ရေနံစိမ်းမှာမူ ၂ ဆင့်မှ ၈၆ ဒသမ ၂၄ ဒေါ်လာသို့ ခုန်တက်သွားခဲ့သည်။
ဂါဇာစစ်ပွဲအတွင်း အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမက်စ်ခေါင်းဆောင်၏သား ၃ ဦးသေဆုံးသွားပြီးနောက် ၎င်းစာချုပ်နှစ်ခုလုံး၏ တန်ဖိုးသည် ၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ယခုသီတင်းပတ်အစောပိုင်တွင် အစ္စရေးနှင့် ဟားမက်စ်တို့သည် အပစ်အခက်ရပ်စဲရေးအတွက် ဆွေးနွေးမှုများရှိခဲ့သော်လည်း သဘောတူညီချက်တစ်စုံတရာမရခဲ့ပေ။ ထို့ပြင် ဆီးရီးယားရှိ အီရန် သံရုံးကို သံသယဖြစ်ဖွယ် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်၏ လက်တုံ့ပြန်မှုလည်း ရှိလာနိုင်သည့်အတွက် သတိထားနေရသည်။ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက အီရန်၏ အစ္စရေးအပေါ် ဒရုန်းများ၊ ဒုံးကျည်များဖြင့်တိုက်ခိုက်မှု ပြုလုပ်တော့မည်ဟု ယုံကြည်လျက် ရှိသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးကာကွယ်ရေးဝန်ကြီးအား အီရန်မှ အစ္စရေး အပေါ် ခြိမ်းခြောက်လာမှုများကို အတူတကွရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ANZ မှ ပညာရှင် Daniel Hynes က “အစ္စရေး-ဟားမက်စ်စစ်ပွဲသည် ရေနံဈေးကွက်အပေါ် များစွာ သက်ရောက်လာမည်ဖြစ်ကာ ရေနံပို့ဆောင်ရေးတွင်ပင် အန္တရာယ်ရှိလာကြောင်း” သုံးသပ်ခဲ့သည်။ ရေနံကုန်သည်များသည် OPEC ကထုတ်ပြန်သော လစဉ်ရေနံဈေးကွက်အစီရင်ခံစာကို သုံးသပ် ကြည့်ရှုသွားရမည်ဖြစ်ပြီး ယနေ့တွင် ထုတ်ပြန်ကြေညာသွားဖွယ်ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NP News သတင်းဌာနကို ကြည့်ရှုအားပေးကြပါ သော ညီအစ်ကို မောင်နှမ မိတ်ဆွေများ အားလုံးမင်္ဂလာပါ....
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း