မဟာမိတ်များနှင့် ထိပ်သီးတွေ့ဆုံမှုများမတိုင်မီ တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့်လှုပ်ရှားမှုများ ပိုမိုဆောင်ရွက်ကြရန်မျှော်လင့်ကြောင်း အမေရိကန်ပြော
ALynn (NSS) - ဧပြီ ၁ဝ
ဧပြီလ ၉ ရက် (အင်္ဂါနေ့) တွင် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ပြီးခဲ့သည့်သီတင်းပတ် အတွင်း အမေရိကန်၊ ဩစတေးလျ၊ ဖိလစ်ပိုင်နှင့် ဂျပန်တို့အကြား စစ်ရေးလေ့ကျင့်မှုများပြုလုပ်ပြီးနောက် တောင်တရုတ်ပင်လယ်ပြင်တွင် ပူးပေါင်းကင်းလှည့်လှုပ်ရှားမှုများ ပိုမိုများပြားလာနိုင်ကြောင်း မျှော်လင့်လျက်ရှိ သည်။
အဆိုပါ (၄) နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုသည် အငြင်းပွားရေပိုင်နက်အတွင်း တရုတ်၏ ဖိလစ်ပိုင်အပေါ် ဖိအားပေးမှု များကို တုံ့ပြန်ရန်လည်းဖြစ်သည်။ အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့၏ သမ္မတများသည် တရုတ်အား တုံ့ပြန် နိုင်ရေးနည်းလမ်းများကို ဆွေးနွေးရန်အတွက် ဧပြီလ ၁၁ ရက် (ကြာသပတေးနေ့) တွင် တွေ့ဆုံကြမည်ဖြစ်သည်။
Sullivan က “အမေရိကန်၊ ယူကေ နှင့် ဩစတြေးလျတို့အကြား ချုပ်ဆိုထားသော AUKUS လုံခြုံရေးစာချုပ်တွင် ဂျပန် ပါဝင်လာနိုင်ဖို့ သမ္မတဘိုင်ဒင်နှင့် ကီရှိဒါတို့၏ ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ဘိုင်ဒင် နှင့် ကီရှီဒါတို့သည် ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်သည့် စီမံချက်များကို ကြေညာသွားဖွယ်လည်း ရှိနေသည်။
ဧပြီလ ၈ ရက် (တနင်္လာနေ့)က ပြုလုပ်သည့် ဂျပန်၏ NHK World အင်တာဗျူးအရ အခြားနိုင်ငံများ၏ စစ်ရေး လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် သမ္မတ ကီရှီဒါက ၂၀၂၅ ခုနှစ် မတ်လကုန်တွင် ဂျပန် ၏ ကိုယ်ပိုင် ကာကွယ်ရေးတပ် (SDF) ကို တည်ထောင်သွားမည့်အစီအစဉ်ရှိကြောင်း သိရသည်။
အင်္ဂါနေ့တွင် ဩစတြေးလျက ဂျပန်က AUKUS အဖွဲ့ထဲသို့ မကြာမီပါဝင်လာနိုင်မည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက် မှုများကိုမူ ပရောဂျက်အလိုက် တစ်ဆင့်ချင်းဆောင်ရွက်သွားမည်ဖြစ်ကာ အဖွဲ့ဝင်သစ်များ ထပ်တိုးလာခြင်းနှင့် အတူ စာချုပ်အတွင်း ကွဲပြားခြားနားချက်များလည်း ရှိလာကြောင်း ဖော်ပြခဲ့သည်။
သို့သော် ဂျပန်အစိုးရ၏ ဖော်ပြချက်အရ ဩစတြေးလျနှင့် ယူကေတို့သည် စာချုပ်မှ အကျိုးအမြတ်များကို ခံစားနေရသောကြောင့် ဂျပန်အား အဖွဲ့အတွင်း တရားဝင် ဝင်ရောက်ဖို့ ကြိုဆိုလိုခြင်းမရှိကြောင်းသိရသည်။ အမေရိကန်ကမူ ဂျပန်အဖွဲ့ဝင်ဖြစ်ရေးကို လိုလားသော်လည်း ဂျပန်အနေဖြင့် ပိုမိုကောင်းမွန်သော ဆိုက်ဘာ လုံခြုံရေး နှင့် လျှို့ဝှက်ချက်များကို ထိန်းသိမ်းဖို့အတွက် တင်းကြပ်သောစည်းမျဉ်းများကို လိုက်နာရန် လိုအပ်ဦးမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယား၏ ပါလီမန်ရွေးကောက်ပွဲ ကျင်းပ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း