တောင်ကိုရီးယား၏ ပါလီမန်ရွေးကောက်ပွဲ ကျင်းပ
ALynn (NSS) - ဧပြီ ၁ဝ
တောင်ကိုရီးယားရွေးကောက်ပွဲကို ဧပြီလ ၁၀ ရက် (ယနေ့) တွင် ကျင်းပသွားမည်ဖြစ်သည်။ လက်ရှိသမ္မတ Yoon Suk-yeol သည် လွန်ခဲ့သော နှစ်နှစ်က ပြိုင်ဘက်ပါတီကို မဲကွာဟချက် အနည်းဆုံးဖြင့် အနိုင်ရခဲ့သူဖြစ်သည်။
လတ်တလော ကာလတွင်လည်း ဆရာဝန်များ၏ ဆန္ဒပြမှု၊ အစားအသောက်ဈေးနှုန်းမြင့်မားမှုနှင့်အတူ လာဘ်ပေး လာဘ်ယူမှုစွပ်စွဲချက်များကြောင့် Yoon ၏ People Power Party (PPP) မှာ အခက်ကြုံနေရသည်။ အကယ်၍ ၎င်း၏ ပါတီသည် ပါလီမန်ထဲ တွင် အများစုအနိုင်ရရှိမှု မရှိပါက ၎င်း၏ လက်ကျန်သမ္မတသက်တမ်း ၃ နှစ်အတွက် ရတတ်မအေး စရာဖြစ်လာနိုင်သည်။ လက်ရှိတွင် ပါလီမန်ထဲ၌ ၎င်း၏ အတိုက်အခံပါတီဖြစ်သည့် Democratic Party မှ အမတ်များ ကြီးစိုးနေသည်။
ရွေးကောက်ပွဲရလဒ် မည်သို့ပင်ဖြစ်စေ နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအပေါ် များစွာသက်ရောက်မှုရှိ လာနိုင်မည် မဟုတ်ပါ။ Yoon သည် ဂျပန်၊ အမေရိကန်တို့နှင့် နိုင်ငံရေး၊ စစ်ရေးအရ ဆက်ဆံရေးကိုမြှင့်တင်ရန် ကြိုးပမ်း လျက်ရှိပြီး ရုရှားနှင့်လည်း နီးကပ်သောဆက်ဆံရေး ထူထောင်ရန် ကြိုးပမ်းလျက်ရှိသည်။ PPP နှင့် Democratic Party တို့သည် တောင်ကိုရီးယားနိုင်ငံရေးကို နှစ်ပေါင်းများစွာကြာ လွှမ်းမိုးလျက်ရှိသည်။
၂ဝ၂၄ ခုနှစ်၊ မတ်လတွင် နေရာ ၃ဝဝ ရှိသောပါလီမန်၌ ၂၉၇ နေရာကို ရွေးချယ်ပြီးဖြစ်သည်။ Democratic Party က ၁၆ဝ နေရာနှင့် PPP က ၁၁၃ နေရာ အသီးသီးရရှိထားသည်။ ၎င်းပါတီကြီးနှစ်ခုအပြင် ပါတီငယ်များစွာလည်း ရှိသည်။ ဆန္ဒမဲပေးသူ၏ ၂၀ ရာခိုင်နှုန်းကျော်က တရားရေးဝန်ကြီးဟောင်း Cho Kuk ဦးဆောင်သည့် Reform Korea Party ကို မဲပေးသွားရန်ရည်ရွယ်ထားကြောင်း မတ်လ ၂၉ ရက်က ကောက်ခံသောစစ်တမ်းအရ သိရသည်။ ၎င်းရာခိုင်နှုန်းသည် ပါလီမန်ထဲတွင် နေရာ ၁၀ နှင့် ၁၅ ကြားအထိ ရရှိနိုင်ချေရှိသည်။
နိုင်ငံတစ်ဝန်းတွင် မဲရုံများကို နံနက် ၆ နာရီမှ စဖွင့်လှစ်ကာ ညနေ ၆ နာရီတွင် ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားသည် ၂ဝ၂ဝ ပြည့်နှစ်ကစ၍ ရောနှောထားသော အချိုးကျကိုယ်စားပြုစနစ်ကို စတင်ကျင့်သုံးခဲ့ သည်။ ၎င်းစနစ်အရ မဲပေးသူများသည် ၎င်းတို့၏ ပြည်နယ် (၂၅၄ နေရာ) အတွက် တစ်မဲပေးရပြီး ပါတီအတွက် တစ်မဲပေးရသည်။ ပါတီတစ်ခုချင်းစီက ရရှိသောမဲများမှ အချိုးကျအလိုက် ကျန် ၄၆ နေရာကို ခွဲဝေပေးရသည်။ ယင်းမှာ ပါတီငယ်များ ကိုယ်စားပြုမှုအတွက် ရည်ရွယ်သည်။ ဆန္ဒမဲပေးသူများကြားတွင် ကွန်ဆာဗေးတစ်နှင့် လစ်ဘရယ်ဟူ၍ ကွဲပြားနေပြီး ၃၀ မှ ၄၀ ရာခိုင်နှုန်းကြား မဲဆန္ဒရှင်များမှာ မည်သည့်ပါတီကို မဲပေး ရမည်ကို ဝေခွဲမရရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနှင့်ဆက်ဆံရေးအပေါ် ဖိအားပေးခြင်းမျိုး၊ ပြစ်တင်ဝေဖန်ခြင်းမျိုးကို လက်ခံမည်မဟုတ်ကြောင်း တရုတ်အစိုးရပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ