မြန်မာအစိုးရအနေဖြင့် မဲဆောက်လေဆိပ်သို့ မြန်မာခရီးသည်တင်လေယာဉ်ဆင်းမည့် အထူးခွင့်ပြုချက်အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ထိုင်းအစိုးရပြော
ဂျန်ဇက် (NSS) - ဧပြီ ၉
မြန်မာအစိုးရသည် အရပ်သားများကို ကယ်ထုတ်နိုင်ရန်အတွက် ထိုင်းနှင့်မြန်မာနယ်စပ်အနီးရှိ မဲဆောက်မြို့လေဆိပ်တွင် လေယာဉ်ဆင်းသက်ရန် တောင်းဆိုခဲ့ပြီး ဧပြီ ၇ ရက်နေ့ညပိုင်းက မဲဆောက်မြို့လေဆိပ်သို့ လေယာဉ်ဆင်းသက်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း ဧပြီ ၈ ရက်နှင့် ၉ ရက်နေ့တွင် လေယာဉ်ဆင်းသက်မည့်အစီစဉ်များကို ပြန်လည်ဖျက်သိမ်းသွားခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူThanawat Sirikul ကထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးသည် အရပ်သားများကိုကယ်ထုတ်နိုင်ရန်အတွက် ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေဆိပ်တွင် လေယာဉ်ဆင်းခွင့် သုံးရက်ကြာပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ ထိုင်းအစိုးရအနေဖြင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမှု အစိတ်အပိုင်းအဖြစ် မြန်မာလေယာဉ်များကို မဲဆောက်မြို့လေဆိပ်သို့ ဆင်းသက်ခွင့်ပေးခဲ့ကြောင်း ဧပြီ ၇ ရက်နေ့၊ ညပိုင်း ၉နာရီ ၂၀မိနစ်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ATR 72-600 အမျိုးအစားလေယာဉ်များ ဆင်းသက်ခဲ့ပြီး တစ်နာရီကျော်ကြာစောင့်ဆိုင်းခဲ့ပြီးနောက် လိုက်ပါသွားသူမရှိဘဲ မိခင်နိုင်ငံဘက်သို့ ပြန်တက်သွားခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ မြန်မာခရီးသည်တင်လေယာဉ် ပြန်သွားခဲ့ပြီးနောက် မြန်မာအစိုးရသည် ဧပြီ ၈ ရက်နှင့် ဧပြီ ၉ ရက်တို့တွင် မဲဆောက်လေဆိပ်သို့ဆင်းသက်မည့်အစီအစဉ်များကို ဖျက်သိမ်းခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူသည် မြန်မာအစိုးရဘက်မှ မဲဆောက်လေဆိပ်သို့ ဆင်းသက်မည့် အစီအစဉ်များဖျက်သိမ်းခဲ့ခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်ပြောဆိုခဲ့ခြင်းမျိုးမရှိကြောင်းသိရသည်။ ထိုင်းအစိုးရအနေဖြင့် လက်ရှိအချိန်တွင် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသအခြေနေများကို အနီးကပ်စောင့်ကြည့်နေပြီး ထိုင်းပြည်သူများဘေးကင်းစေရေး၊ တရားဥပဒေစိုးမိုးမှု နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရန်လိုအပ်သော ဆောင်ရွက်မှုများလုပ်ဆောင်ရန် အဆင့်သင့်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထိုင်းစစ်သားများသည် နယ်စပ်ဒေသတစ်လျှောက်ကင်းလှည့်မှုများ လုပ်ဆောင်နေပြီး သံချပ်ကာများလည်း ပါဝင်ကြောင်း၊ လူမူကွန်ရက်တွင်ထွက်ပေါ်ခဲ့သော ရုပ်သံဖိုင်များတွင်ဖော်ပြထားသည်။ ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က မဲဆောက်မြို့သို့ ဆင်းသက်ခဲ့သောလေယာဉ်သည်စစ်သားများ သို့မဟုတ် စစ်လက်နက်များ တင်ဆောင်မည့် လေယာဉ်မဟုတ်ကြောင်း၊ အရပ်သားများကို တင်ဆောင်ပျံသန်းရန်လာရောက်သောလေယာဉ်မျိုးဖြစ်ကြောင်းပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၅)လုံးထက်မနည်း မီးလောင်ပျက်စီး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း