မန္တလေးဈေးချိုတော်တွင် ရုတ်တရက်မူးလဲသည့်အမျိုးသမီးတစ်ဦး ဆေးရုံအရောက်တွင် သေဆုံး
သန့်ဇင် (NSS) - ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးဈေးချိုတော်တွင် ရုတ်တရက်မူးလဲသည့်အမျိုး သမီးတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်းထံမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၉ရက်)၊ နံနက် ၉နာရီဝန်းကျင်အချိန်ခန့်က မန္တလေးဈေးချို့တော်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဈေးလာဝယ်တဲ့အမျိုးသမီးတစ်ဦး မူးလဲတယ်လို့ ကျွန်တော်တို့အသင်းကိုဖုန်းဆက်လို့ ဆေးရုံကြီးပို့ပေးခဲ့တာ။ ဘာကြောင့် မူးလဲတာလည်းဆိုတာတော့မသိခဲ့ရပါဘူး။ ဆေးရုံကြီးရောက်တော့ ဆုံးသွားပါတယ်။ မိသားစုနဲ့လည်း အဆက် အသွယ်ရပါတယ်”ဟု မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါမူးလဲသည့် အမျိုးသမီးမှာ အသက်(၄၅)နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး ဈေးချိုတော်ဈေးအတွင်း၌ ဈေးဝယ်နေစဉ် ရုတ်တရက် မူးလဲကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Apple ကုမ္ပဏီက အိန္ဒိယနိုင်ငံရှိ ၎င်း၏အလုပ်သမားများအတွက် နေအိမ်အလုံးရေ (၇၈၀၀၀) ဝန်းကျင် ဆောက်လုပ်ပေးရန် စီစဉ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း