မကွေးမြို့၌ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌကို သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ဖုန်း လုယက်ယူဆောင်
စော (NSS) - ဧပြီ ၈
မကွေးတိုင်း၊ မကွေးမြို့တွင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌကို သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ဖုန်းလုယက်ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါအမျိုးသားအား ယနေ့ (ဧပြီလ ၈ရက်)၊ နံနက် ၇နာရီခွဲဝန်းကျင်အချိန်တွင် မကွေးမြို့၊ သင်ကြားရေးဆေးရုံလမ်း၊ အရှေ့ဘက်ခြမ်း ယာတော၌ အထက်ပါကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက အခု ဏဘယံလူမှုကူညီရေးအသင်းပေါ့။ သူ့အသင်းမှာ သူတစ်ယောက်ပဲရှိတာပါ။ဥက္ကဋ္ဌလည်း ပြောလို့ရတယ်။ ဘဏ္ဍာရေးလည်းပြောလို့ရတယ်။ အသင်းသားလည်း ပြောလို့ရတယ်။ ဓားဒဏ်ရာက သေချာတော့ မရေရသေးဘူး။ အချက် (၆၀)ကျော်မယ်လို့တော့ ပြောတယ်။ ပစ္စည်းပါသွားတယ်လို့ကြားမိတယ်။ လက်ရှိသူမောင်းနေတဲ့ ဆိုင်ကယ်ရယ်၊ ဖုန်းရယ်၊ အိတ်ရယ်ပေါ့”ဟု မကွေးမြို့ခံတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး လုယက်သူများကို ဖမ်းမမိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။ သေဆုံးသူအမျိုးသားမှာ အသက် ၃၆နှစ်အရွယ်ခန့်ရှိပြီး မကွေးမြို့၊ ရွာသစ်ရပ်ကွက်တွင် နေထိုင်သူဖြစ်ကာ ၎င်း၏ရုပ်အလောင်းအား မကွေး တိုင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကြီးမြို့နယ်တွင် တွဲကားတစ်စီး ဘရိတ်ပေါက်ကာ ကား(၃)စီးကို ဝင်တိုက်မှုကြောင့် လူ(၄)ဦး သေဆုံး
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း