ဖလော်ရီဒါပြည်နယ် မာတီနီဘား ပစ်ခတ်မှုဖြစ်ပွား၊ လူနှစ်ဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိ
ရောင်နီ (NSS) - ဧပြီ ၈
ဖလော်ရီဒါပြည်နယ်၊ ဒိုရယ်လ်မြို့ရှိ မာတီနီဘားတစ်ခုမှာ စနေနေ့(ဧပြီ ၆ ရက်) အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ဦး အပါအဝင် လူနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူကတော့ ခုနှစ်ဦး ရှိတယ်လို့ ဆိုပါတယ်။ လူတစ်ဦးက လက်နက်ကို ဆွဲထုတ်ပြီး လုံခြုံရေးအစောင့် တစ်ဦးကို စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး အခြားသေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ ဘေးမှ စက်ကွင်းမလွတ်ပဲ ထိမှန်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်ခတ်သူကို ဖမ်းဆီးရမိခြင်း ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။ ထိခိုက်ဏ်ရာရသူတွေမှာ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား လေးဦး ပါဝင်ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ဆေးရုံ ပို့ဆောင်ထားရကာ အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့် အခြားရဲအရာရှိတစ်ဦးလည်း ခြေထောက်မှာ သေနတ် ထိမှန် ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဝင်ငွေမြင့်၊ ဖွဲ့ဖြိုးပြီး နိုင်ငံတွေထဲ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်မှု နှုန်းဟာ အမေရိကန်နိုင်ငံ အမြင့်ဆုံးဖြစ်တယ်လို့ Washington School of Medicine မှ ကျန်းမာရေး တိုင်းတာမှုနဲ့ အကဲဖြတ်ရေး အင်စတီကျုမှ ပြောကြားချက်အရ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဧပြီလ ၇ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပ သတင်းထူးများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း