ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများခေါ်ယူ
စော (NSS) - ဧပြီ ၇
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများခေါ်ယူနေကြောင်း သိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
အဆိုပါဌာနက ပြတိုက်လက်ထောက် (၄)ရာထူးအတွက် (၃)ဦး၊ သုတေသနလက်ထောက်(၄)ရာထူးအတွက် (၁) ဦး၊ ဒုလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးအတွက် (၁)ဦး၊ စာရင်းကိုင်(၄)ရာထူးအတွက်(၄)ဦး၊ ဓာတ်ခွဲခန်းကျွမ်းကျင်(၄)ရာထူးအတွက် (၁)ဦးနှင့် ကျွမ်းကျင်(၄)(ဓာတု)ရာထူးအတွက် (၅)ဦးတို့ကို ခန့်အပ် သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ရုံးချုပ်)သို့ ဧပြီလကုန်နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် လူတွေ့စစ်ဆေးချိန်တွင် နိုင်ငံသားစိစစ်ရေးကတ်၊ တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်၊ ဘွဲ့လက်မှတ်၊ အလုပ်သမားမှတ်ပုံတင်စသည့် အထောက်အထားမူရင်းများ တင်ပြရမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်မှီသူများကို လူတွေ့ဖြေဆိုရန် ဖုန်းနံပါတ်မှတစ်ဆင့် အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
test
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ