ပုပ္ပား ၊ မင်းလှ၊ မင်းတုန်း ဒေသတို့တွင် စုစုပေါင်း လေအားလျှပ်စစ် မဂ္ဂါဝပ်(၃၅ဝ)ကျော် ထုတ်လုပ်နိုင်ရန် ရုရှား Rosatom ကိုယ်စားလှယ်အဖွဲ့ လာရောက်တင်ပြ
ရဲပြည့် (NP News) - မတ် ၃၁
ပုပ္ပား ၊ မင်းလှ၊ မင်းတုန်း ဒေသတို့တွင် စုစုပေါင်း လေအားလျှပ်စစ် မဂ္ဂါဝပ်(၃ဝဝ)ကျော် ထုတ်လုပ်နိုင်ရန် ရုရှား Rosatom ကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့ လာရောက်တင်ပြခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rဝsatom International Network, ROSATOM တို့အကြား မတ်လ(၃ဝ)ရက်တွင် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရန်ကုန်မြို့သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rosatom မှ ကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်းရေအားလျှပ်စစ်ကဏ္ဍ၌ အသေးစားစီမံကိန်းများတွင် သာမက အကြီးစားရေအားလျှပ်စစ် စီမံကိန်းများကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့သည်။
ထို့ပြင် လေအား လျှပ်စစ်ကဏ္ဍတွင် နိုင်ငံတစ်ဝန်းဇုန် ခြောက်ခုတို့၌ စုစုပေါင်း တပ်ဆင်အင်အား မဂ္ဂါဝပ် (၈ဝဝဝ)ကျော်အထိ တင်ဒါခေါ်ယူသွားမည့် အစီအစဉ်များအပေါ် ရင်းနှီးမြှုပ်နှံမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် ယင်းစီမံကိန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန် ပုပ္ပား ဒေသတွင် ၂ဝဝ မဂ္ဂါဝပ်၊ မင်းလှဒေသတွင် ၁၁၆ မဂ္ဂါဝပ်နှင့် မင်းတုန်းဒေသတွင် ၅၆ မဂ္ဂါဝပ်တို့အတွက် Project Proposal များကို လာရောက်တင်ပြခဲ့ခြင်းလည်းဖြစ်သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ Rosatom ကိုယ်စားလှယ်အဖွဲ့၏ တင်ပြချက်များအား စိစစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ Feasibility Study ဆောင်ရွက်ခွင့်နှင့် နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးနိုင်ရန် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောဆိုထားသည်။
ရုရှားနိုင်ငံ Rဝsatom ကိုယ်စားလှယ်အဖွဲ့က အပူစွမ်းအင်သုံးစီမံကိန်းများနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို လာမည့်ဇွန်လတွင် ပြန်လည်၍ ဖြေကြားသွားမည် ဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းများ ဖြစ်သည့် ၂ဝ မဂ္ဂါဝပ် ထွက်ရှိနိုင်သည့်နေရာများကိုလည်း ပြန်လည်သုံးသပ်၍ ဧပြီလအတွင်း ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
zawgyi version
ပုပၸား ၊ မင္းလွ၊ မင္းတုန္း ေဒသတို႔တြင္ စုစုေပါင္း ေလအားလွ်ပ္စစ္ မဂၢါဝပ္(၃၅ဝ)ေက်ာ္ ထုတ္လုပ္ႏိုင္ရန္ ႐ုရွား Rosatom ကိုယ္စားလွယ္အဖြဲ႕ လာေရာက္တင္ျပ
ရဲျပည့္ (NP News) - မတ္ ၃၁
ပုပၸား ၊ မင္းလွ၊ မင္းတုန္း ေဒသတို႔တြင္ စုစုေပါင္း ေလအားလွ်ပ္စစ္ မဂၢါဝပ္(၃ဝဝ)ေက်ာ္ ထုတ္လုပ္ႏိုင္ရန္ ႐ုရွား Rosatom ကုမၸဏီမွ ကိုယ္စားလွယ္အဖြဲ႕ လာေရာက္တင္ျပခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ Rဝsatom International Network, ROSATOM တို႔အၾကား မတ္လ(၃ဝ)ရက္တြင္ ဆက္လက္ေဆာင္႐ြက္မည့္ စီမံကိန္းဆိုင္ရာမ်ား ေတြ႕ဆုံေဆြးေႏြးပြဲတြင္ ထည့္သြင္းတင္ျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလက ရန္ကုန္ၿမိဳ႕သို႔ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ Rosatom မွ ကိုယ္စားလွယ္အဖြဲ႕ လာေရာက္ခဲ့သည့္ ခရီးစဥ္အတြင္းေရအားလွ်ပ္စစ္က႑၌ အေသးစားစီမံကိန္းမ်ားတြင္ သာမက အႀကီးစားေရအားလွ်ပ္စစ္ စီမံကိန္းမ်ားကိုလည္း ပူးေပါင္းပါဝင္ေဆာင္႐ြက္ႏိုင္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းဟန္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ ေလအား လွ်ပ္စစ္က႑တြင္ ႏိုင္ငံတစ္ဝန္းဇုန္ ေျခာက္ခုတို႔၌ စုစုေပါင္း တပ္ဆင္အင္အား မဂၢါဝပ္ (၈ဝဝဝ)ေက်ာ္အထိ တင္ဒါေခၚယူသြားမည့္ အစီအစဥ္မ်ားအေပၚ ရင္းႏွီးျမႇဳပ္ႏွံမႈတြင္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ လက္ရွိတြင္ ယင္းစီမံကိန္းမ်ားကို ဆက္လက္ေဆာင္႐ြက္ႏိုင္ရန္ ပုပၸား ေဒသတြင္ ၂ဝဝ မဂၢါဝပ္၊ မင္းလွေဒသတြင္ ၁၁၆ မဂၢါဝပ္ႏွင့္ မင္းတုန္းေဒသတြင္ ၅၆ မဂၢါဝပ္တို႔အတြက္ Project Proposal မ်ားကို လာေရာက္တင္ျပခဲ့ျခင္းလည္းျဖစ္သည္။
လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ Rosatom ကိုယ္စားလွယ္အဖြဲ႕၏ တင္ျပခ်က္မ်ားအား စိစစ္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ႐ုံးသို႔ Feasibility Study ေဆာင္႐ြက္ခြင့္ႏွင့္ နားလည္မႈ စာခြၽန္လႊာ (MOU) ေရးထိုးႏိုင္ရန္ ဆက္လက္တင္ျပသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆက္လက္ေျပာဆိုထားသည္။
႐ုရွားႏိုင္ငံ Rဝsatom ကိုယ္စားလွယ္အဖြဲ႕က အပူစြမ္းအင္သုံးစီမံကိန္းမ်ားႏွင့္ပတ္သက္၍ ေဆာင္႐ြက္ႏိုင္မည့္ အစီအစဥ္မ်ားကို လာမည့္ဇြန္လတြင္ ျပန္လည္၍ ေျဖၾကားသြားမည္ ျဖစ္ၿပီး ေရအားလွ်ပ္စစ္စီမံကိန္းမ်ား ျဖစ္သည့္ ၂ဝ မဂၢါဝပ္ ထြက္ရွိႏိုင္သည့္ေနရာမ်ားကိုလည္း ျပန္လည္သုံးသပ္၍ ဧၿပီလအတြင္း ျပန္လည္တင္ျပသြားမည္ျဖစ္ေၾကာင္း ေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်သမန်အင်းအနီးတွင် မွေးကင်းစအရွယ်ကလေးငယ်တစ်ဦးကို သေဆုံးလျက်တွေ့ရှိ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း