လူတစ်ဦးက မိမိကိုယ်ကိုဓားဖြင့်ထိုးသတ်သည့်ဖြစ်စဉ် ရွာငံမြို့နယ်တွင် ဖြစ်ပွား
သန့်ဇင် (NSS) - မတ် ၂၈
ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် အရက်သောက်များ၍ စိတ်မူမမှန်သော အမျိုးသားတစ်ဦးက မိမိကိုယ်ကိုဓားဖြင့်ထိုးသတ်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-ရွာငံမြို့နယ်ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၂၈ ရက်)၊ နံနက် ၁၀နာရီ ၁၅မိနစ်အချိန်က ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အရက်ကြောင်ကြောင်ပြီး သူ့ကိုယ်သူဓားနဲ့ပြန်ထိုးတာပါ။ သိရတာတော့ သူ့အိမ်မှာ (၆)နှစ်အရွယ်သူ့သမီးလေးကို ဓားယူခိုင်းပြီး အနားမှာ မနေနဲ့ဆိုပြီး မောင်းထုတ်တယ်တဲ့။ ခဏနေလို့ သူ့သမီးက ပြန်လာပြီးကြည့်တာမှာ အလောင်းကိုတွေ့ရတာ”ဟု မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့-ရွာငံမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထိုသို့ မိမိကိုယ်ကိုဓားဖြင့်ပြန်ထိုးသတ်ခဲ့သော အမျိုးသားမှာ အသက်(၃၇)နှစ်အရွယ်ရှိသူဖြစ်ပြီး ရင်ညွန့်နှင့်လည်ပင်းတို့၌ ဓားဒဏ်ရာ (၂)ချက်ရရှိကာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ရင်ညွန့်နဲ့ လည်ပင်းမှာဓားဒဏ်ရာ(၂)ချက်နဲ့ အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးနေတာ။ ဒီမှာက အရက်ကြောင်ကြောင်တဲ့လူတွေက ဒီလိုခဏခဏလုပ်တယ်။ ဆွဲကြိုးချသတ်သေတာတွေလည်းရှိတယ်။ အရက်ရဲ့ဆိုးကျိုးတွေပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို ရွာငံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ် ၂၈ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း