ရန်ကုန်မြို့လယ်၌ ပေါက်ကွဲမှုဖြစ်ပွား၍ (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရ
NSS - မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွား၍ (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရသည်။
ပေါက်ကွဲမှုသည် ယနေ့(မတ်လ ၂၇ ရက်) ၊ ည ၇နာရီခွဲဝန်းကျင်အချိန်ခန့်က ကျောက်တံတားမြို့နယ်၊ ဆူးလေကုန်းကျော်တံတားအတက်၊ ဘားလမ်းမှတ်တိုင်ဘက်ခြမ်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
"ဆူးလေကုန်းကျော်တံတားအတက်နားမှာပေါက်တာ။ ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်။ မီးပါပွင့်တယ်။ကျွန်တော်မြင်တာတော့ (၃)ယောက်ထိသွားတာမြင်တယ်။ သိရတာတော့ လူ(၄)ယောက်ထိတာလို သိရတယ်။ တစ်ယောက်ကတော့ ခြေထောက်ပြတ်သွားတယ်"ဟု ဖြစ်စဉ်အားမျက်မြင်တွေ့ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်တွင် လူ(၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၂)ဦးမှာ စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ထိခိုက်ဒဏ်ရာရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ကနဦးသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ် ၂၇ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း