လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်တိုင်ပေါ်တွင် ဓာတ်လိုက်သေဆုံးမှု သာကေတမြို့နယ်၌ ဖြစ်ပွား
စော (NP News) - မတ် ၃၁
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ဓာတ်တိုင်တစ်ခုပေါ်တွင် လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၃ဝ ရက်)၊ ညနေ ၅ ခွဲဝန်းကျင်အချိန်တွင် သာကေတမြို့နယ်၊ ၆/နောက်ရပ်ကွက်၊ ရွှေပြည်သာလမ်းမပေါ်ရှိ ဝေဇယန္တာလမ်းဆုံတွင် ဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
“ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ဓာတ်လိုက်နေတာကိုတွေ့လိုက်ရတယ်။ အခင်းဖြစ်တဲ့နေရာမှာပဲဆုံးသွားတာပါ။ “အောင်နိုင်သူ” လူနာတင်ယာဉ်နဲ့ စံပြဆေးရုံသို့ပိုဆောင်ပေးခဲ့ပါတယ်။ လုပ်အားပေးလား၊ ဝန်ထမ်းလားတော့သေချာမသိပါဘူး။ သိတာကတော့ လျှပ်စစ်ရုံးကပဲသိပါတယ်” ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် အသက်(၃ဝ)ဝန်းကျင်အရွယ်ဖြစ်ပြီး ၎င်းအား "အောင်နိုင်သူ" လူနာတင်ယာဉ်နှင့် သင်္ကန်းကျွန်း စံပြဆေးရုံ သို့ပိုဆောင်ပေးခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှဆိုသည်။
zawgyi version
လွ်ပ္စစ္ဝန္ထမ္းတစ္ဦး ဓာတ္တိုင္ေပၚတြင္ ဓာတ္လိုက္ေသဆုံးမႈ သာေကတၿမိဳ႕နယ္၌ ျဖစ္ ပြား
ေစာ (NP News) - မတ္ ၃၁
ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္ရွိ ဓာတ္တိုင္တစ္ခုေပၚတြင္ လွ်ပ္စစ္ဝန္ထမ္းတစ္ဦး ဓာတ္လိုက္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၃ဝ ရက္)၊ ညေန ၅ ခြဲဝန္းက်င္အခ်ိန္တြင္ သာေကတၿမိဳ႕နယ္၊ ၆/ေနာက္ရပ္ကြက္၊ ေ႐ႊျပည္သာလမ္းမေပၚရွိ ေဝဇယႏၲာလမ္းဆုံတြင္ ျဖစ္ပြားခဲ့ေၾကာင္း သာေကတၿမိဳ႕နယ္လူမႈကူညီေရးအဖြဲ႕မွ သိရသည္။
“ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္မွာ ဓာတ္လိုက္ေနတာကိုေတြ႕လိုက္ရတယ္။ အခင္းျဖစ္တဲ့ေနရာမွာပဲဆုံးသြားတာပါ။ “ေအာင္ႏိုင္သူ” လူနာတင္ယာဥ္နဲ႔ စံျပေဆး႐ုံသို႔ပိုေဆာင္ေပးခဲ့ပါတယ္။ လုပ္အားေပးလား၊ ဝန္ထမ္းလားေတာ့ေသခ်ာမသိပါဘူး။ သိတာကေတာ့ လွ်ပ္စစ္႐ုံးကပဲသိပါတယ္” ဟု သာေကတၿမိဳ႕နယ္လူမႈကူညီေရးအဖြဲ႕မွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသူအမ်ိဳးသားသည္ အသက္(၃ဝ)ဝန္းက်င္အ႐ြယ္ျဖစ္ၿပီး ၎အား "ေအာင္ႏိုင္သူ" လူနာတင္ယာဥ္ႏွင့္ သကၤန္းကြၽန္း စံျပေဆး႐ုံ သို႔ပိုေဆာင္ေပးခဲ့ေၾကာင္း သာေကတၿမိဳ႕နယ္လူမႈကူညီေရးအဖြဲ႕မွဆိုသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲ ကျင်းပတော့မည့် ပါရာဂွေးနိုင်ငံသို့ CIA အကြီးအကဲ အလည်အပတ်ရောက်ရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း