Wall Street Journal သတင်းထောက်ကို စပိုင်လုပ်မှုဖြင့် ရုရှားထောက်လှမ်းရေးဖမ်းဆီး
Pika (NP News) - မတ် ၃ဝ
Wall Street Journal ၏ သတင်းထောက်တစ်ဦးကို စပိုင်လုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရုရှားထောက်လှမ်းရေးအဖွဲ့ဖြစ်သော FSB ကပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသား Evan Gershkovich ကို သူလျှိုလုပ်သည်ဆိုသည့်သံသယဖြင့် Yekaterinburg မြို့တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း Interfax သတင်းဌာနက ဖော်ပြခဲ့သည်။ FSB က"(၁၉၉၁)ခုနှစ်က မွေးဖွားခဲ့ပြီး အမေရိကန်သတင်းစာ The Wall Street Journal ရဲ့ သတင်းထောက်ဖြစ်တဲ့ အမေရိကန်နိုင်ငံသား Gershkovich Evan ရဲ့ တရားမဝင်လှုပ်ရှားမှုတွေကို ကျွန်တော်တို့ရပ်တန့်နိုင်ခဲ့ပါတယ်။ ပြီးတော့ သူက အမေရိကန်အစိုးရရဲ့ အကျိုးစီးပွားအတွက် သူလျှိုလုပ်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုထားပါတယ်" ဟုပြောဆိုခဲ့သည်။
၎င်းသည်အမေရိကန်စစ်တပ်နှင့်ကာကွယ်ရေးလုပ်ငန်းများအတွက် သတင်းအချက်အလက်များ စုဆောင်းရယူပေးနေသူဖြစ်ကြောင်း ရုရှားဘက်ကပြောဆိုထားသည်။ သို့သော်လည်း အမေရိကန်အစိုးရက ရုရှားသည် ခိုင်မာသော သက်သေအထောက်အထားမရှိဘဲ စွပ်စွဲပြော ဆိုနေခြင်းမျိုးဖြစ်ကြောင်း ပြန်တုံ့ပြန်ထားသည်။ အသက်(၃၁)နှစ်အရွယ် Evan Gershkovich သည် Wall Street Journal သို့မဝင်ရောက်မီ ရုရှားနိုင်ငံရှိ AFP သတင်းဌာန ရုံးခွဲတွင် အလုပ်လုပ်ခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြသည့် သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် The Moscow Times တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးကြောင်းသိရသည်။
zawgyi version
Wall Street Journal သတင္းေထာက္ကို စပိုင္လုပ္မႈျဖင့္ ႐ုရွားေထာက္လွမ္းေရးဖမ္းဆီး
Pika (NP News) - မတ္ ၃ဝ
Wall Street Journal ၏ သတင္းေထာက္တစ္ဦးကို စပိုင္လုပ္သည္ဟု စြပ္စြဲခ်က္ျဖင့္ ဖမ္းဆီးထိန္းသိမ္းလိုက္ေၾကာင္း ႐ုရွားေထာက္လွမ္းေရးအဖြဲ႕ျဖစ္ေသာ FSB ကေျပာၾကားခဲ့သည္။
အေမရိကန္ႏိုင္ငံသား Evan Gershkovich ကို သူလွ်ိဳလုပ္သည္ဆိုသည့္သံသယျဖင့္ Yekaterinburg ၿမိဳ႕တြင္ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း Interfax သတင္းဌာနက ေဖာ္ျပခဲ့သည္။ FSB က"(၁၉၉၁)ခုႏွစ္က ေမြးဖြားခဲ့ၿပီး အေမရိကန္သတင္းစာ The Wall Street Journal ရဲ႕ သတင္းေထာက္ျဖစ္တဲ့ အေမရိကန္ႏိုင္ငံသား Gershkovich Evan ရဲ႕ တရားမဝင္လႈပ္ရွားမႈေတြကို ကြၽန္ေတာ္တို႔ရပ္တန႔္ႏိုင္ခဲ့ပါတယ္။ ၿပီးေတာ့ သူက အေမရိကန္အစိုးရရဲ႕ အက်ိဳးစီးပြားအတြက္ သူလွ်ိဳလုပ္ေနတယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း အတည္ျပဳထားပါတယ္" ဟုေျပာဆိုခဲ့သည္။
၎သည္အေမရိကန္စစ္တပ္ႏွင့္ကာကြယ္ေရးလုပ္ငန္းမ်ားအတြက္ သတင္းအခ်က္အလက္မ်ား စုေဆာင္းရယူေပးေနသူျဖစ္ေၾကာင္း ႐ုရွားဘက္ကေျပာဆိုထားသည္။ သို႔ေသာ္လည္း အေမရိကန္အစိုးရက ႐ုရွားသည္ ခိုင္မာေသာ သက္ေသအေထာက္အထားမရွိဘဲ စြပ္စြဲေျပာ ဆိုေနျခင္းမ်ိဳးျဖစ္ေၾကာင္း ျပန္တုံ႔ျပန္ထားသည္။ အသက္(၃၁)ႏွစ္အ႐ြယ္ Evan Gershkovich သည္ Wall Street Journal သို႔မဝင္ေရာက္မီ ႐ုရွားႏိုင္ငံရွိ AFP သတင္းဌာန ႐ုံးခြဲတြင္ အလုပ္လုပ္ခဲ့ၿပီး အဂၤလိပ္ဘာသာျဖင့္ေဖာ္ျပသည့္ သတင္းဝက္ဘ္ဆိုက္တစ္ခုျဖစ္သည့္ The Moscow Times တြင္ သတင္းေထာက္အျဖစ္ လုပ္ကိုင္ခဲ့ဖူးေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် စွဲချက်တင်ခံရပြီး ရက်ပိုင်းအတွင်း ဖမ်းဆီးခံရဖွယ်ရှိနေဟု သတင်းများထွက်ပေါ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း