ကွန်တိန်နာကိုသုံးပြီး E-Lock စနစ်ဖြင့် ကုန်စည်သယ်ဆောင်ပါက တရားမဝင်ကုန်သွယ်မှု ကျဆင်းနိုင်မည်ဟုဆို
ယွန်း (NP News) - မတ် ၃ဝ
တရားမဝင်ကုန်သွယ်မှု ကျဆင်းရေးအတွက် ကုန်စည်သယ်ဆောင်ရာတွင် ကွန်တိန်နာကိုသာသုံးပြီး E-Lock စနစ်ဖြင့် ဆောင်ရွက်သင့်ကြောင်း နစကဒုဥက္ကဋ္ဌမှ ဆိုထားသည်။
နစက ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မတ်လ(၂၉)ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်ပမှ တရားမဝင်တင်သွင်းမှုများရှိနေသည့်အတွက် ပြည်တွင်း၌ ဈေးကွက်ပြိုင်ဆိုင်နိုင်မှု မရှိတော့ဘဲ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) လုပ်ငန်းများ၏ တိုးတက်မှုကို အဟန့်အတားဖြစ်စေကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဆိုထားသည်။
ထို့ပြင် MSME လုပ်ငန်းများမှထုတ်လုပ်သည့် ကုန်စည်များကို သွင်းကုန်အစားထိုးအသုံးပြုရန် ဈေးကွက်ယှဥ်ပြိုင်နိုင်စွမ်းမရှိအောင် ဟန့်တားနှောင့်ယှက်နေမှုသည် အခွန်မဆောင်ဘဲ ပြည်ပမှတရားမဝင်တင်သွင်းလာသည့် ကုန်စည်များပင် ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
ယခင်က တရားမဝင်ကုန်စည်များကို စစ်ဆေးရာတွင် ဝန်ထမ်းအင်အားကို အခြေခံပြီး စစ် ဆေးခဲ့ကြပြီး ကုန်သွယ်မှု ပမာဏ ကြီးမားသည့်စခန်းများတွင် ဝန်ထမ်းအင်အား ပိုသုံးခဲ့သည့်အတွက် စခန်းအကြီးနှင့် အသေးပေါ်မူတည်ပြီး တရားမဝင်ကုန်သွယ်မှုများကို တားဆီးနိုင်မှု ကွာခြားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အကောက်ခွန်ဦးစီးဌာန၏ MACCS စနစ်၊ ကုန်သွယ်ရေးဦးစီးဌာန၏ Myanmar Tradenet 2.0နှင့် QR Code စနစ်များကို သုံးလာကြသည့်အတွက် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာပြီး တရားမဝင်ကုန်သွယ်မှုကို ထိရောက်စွာ တားဆီးအရေး ယူနိုင်လာကြောင်း ဒုတပ်ချုပ်မှ ဆိုထားသည်။
ထို့ကြောင့် တရားမဝင်ကုန်သွယ်မှု လျော့နည်းရေးအတွက် ကုန်စည်သယ်ဆောင်ရာတွင် ကွန်တိန်နာကိုသာ အသုံးပြုပြီး E-Lock စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ဆောလျင်စွာ အကောင်အထည်ဖော်သင့်ကြောင်း ၎င်းမှ တိုက်တွန်းပြောဆိုခဲ့သည်။
ထို့ပြင် တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို လက်လီလက်ကားအရောင်းဆိုင်များနှင့် shopping Mall များမှ တစ်ဆင့် ဈေးကွက်အတွင်းဖြန့်ချီခြင်းများ မပြုလုပ်ရန် အသိပေးခြင်းများ ဆောင်ရွက်သင့်ကြောင်း နစကဒုဥက္ကဋ္ဌမှ ပြောဆိုခဲ့သည်။
zawgyi version
ကြန္တိန္နာကိုသုံးၿပီး E-Lock စနစ္ျဖင့္ ကုန္စည္သယ္ေဆာင္ပါက တရားမဝင္ကုန္သြယ္မႈ က်ဆင္းႏိုင္မည္ဟုဆို
ယြန္း (NP News) - မတ္ ၃ဝ
တရားမဝင္ကုန္သြယ္မႈ က်ဆင္းေရးအတြက္ ကုန္စည္သယ္ေဆာင္ရာတြင္ ကြန္တိန္နာကိုသာသုံးၿပီး E-Lock စနစ္ျဖင့္ ေဆာင္႐ြက္သင့္ေၾကာင္း နစကဒုဥကၠ႒မွ ဆိုထားသည္။
နစက ဒုတိယဥကၠ႒ ၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက မတ္လ(၂၉)ရက္တြင္ ေနျပည္ေတာ္၌ က်င္းပခဲ့သည့္ တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီလုပ္ငန္း ညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုထားျခင္းျဖစ္သည္။
လက္ရွိတြင္ ျပည္ပမွ တရားမဝင္တင္သြင္းမႈမ်ားရွိေနသည့္အတြက္ ျပည္တြင္း၌ ေဈးကြက္ၿပိဳင္ဆိုင္ႏိုင္မႈ မရွိေတာ့ဘဲ အေသးစား၊ အငယ္စားႏွင့္ အလတ္စား(MSME) လုပ္ငန္းမ်ား၏ တိုးတက္မႈကို အဟန႔္အတားျဖစ္ေစေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းမွ ဆိုထားသည္။
ထို႔ျပင္ MSME လုပ္ငန္းမ်ားမွထုတ္လုပ္သည့္ ကုန္စည္မ်ားကို သြင္းကုန္အစားထိုးအသုံးျပဳရန္ ေဈးကြက္ယွဥ္ၿပိဳင္ႏိုင္စြမ္းမရွိေအာင္ ဟန႔္တားေႏွာင့္ယွက္ေနမႈသည္ အခြန္မေဆာင္ဘဲ ျပည္ပမွတရားမဝင္တင္သြင္းလာသည့္ ကုန္စည္မ်ားပင္ ျဖစ္ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။
ယခင္က တရားမဝင္ကုန္စည္မ်ားကို စစ္ေဆးရာတြင္ ဝန္ထမ္းအင္အားကို အေျခခံၿပီး စစ္ ေဆးခဲ့ၾကၿပီး ကုန္သြယ္မႈ ပမာဏ ႀကီးမားသည့္စခန္းမ်ားတြင္ ဝန္ထမ္းအင္အား ပိုသုံးခဲ့သည့္အတြက္ စခန္းအႀကီးႏွင့္ အေသးေပၚမူတည္ၿပီး တရားမဝင္ကုန္သြယ္မႈမ်ားကို တားဆီးႏိုင္မႈ ကြာျခားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အေကာက္ခြန္ဦးစီးဌာန၏ MACCS စနစ္၊ ကုန္သြယ္ေရးဦးစီးဌာန၏ Myanmar Tradenet 2.0ႏွင့္ QR Code စနစ္မ်ားကို သုံးလာၾကသည့္အတြက္ ကုန္စည္စီးဆင္းမႈ ပိုမိုျမန္ဆန္လာၿပီး တရားမဝင္ကုန္သြယ္မႈကို ထိေရာက္စြာ တားဆီးအေရး ယူႏိုင္လာေၾကာင္း ဒုတပ္ခ်ဳပ္မွ ဆိုထားသည္။
ထို႔ေၾကာင့္ တရားမဝင္ကုန္သြယ္မႈ ေလ်ာ့နည္းေရးအတြက္ ကုန္စည္သယ္ေဆာင္ရာတြင္ ကြန္တိန္နာကိုသာ အသုံးျပဳၿပီး E-Lock စနစ္ျဖင့္ ေဆာင္႐ြက္ျခင္းကို ေဆာလ်င္စြာ အေကာင္အထည္ေဖာ္သင့္ေၾကာင္း ၎မွ တိုက္တြန္းေျပာဆိုခဲ့သည္။
ထို႔ျပင္ တရားမဝင္တင္သြင္းလာသည့္ ကုန္ပစၥည္းမ်ားကို လက္လီလက္ကားအေရာင္းဆိုင္မ်ားႏွင့္ shopping Mall မ်ားမွ တစ္ဆင့္ ေဈးကြက္အတြင္းျဖန႔္ခ်ီျခင္းမ်ား မျပဳလုပ္ရန္ အသိေပးျခင္းမ်ား ေဆာင္႐ြက္သင့္ေၾကာင္း နစကဒုဥကၠ႒မွ ေျပာဆိုခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှင်းရှင်းထရပ်စ်ကား တိမ်းမှောက်မှုကြောင့် Hawkeye မင်းသားကြီး ဂျာမီရန်နာ အရိုးပေါင်း (၃ဝ) ကျော် ကျိုးသွားခဲ့ရ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း