ယူကရိန်းပဋိပက္ခက ယခုနှစ်အတွင်း အဆုံးသတ်မည့်ပုံမပေါ်ကြောင်း တူရကီအစိုးရ ပြော
Pika (NSS) - မတ် ၁၉
ယူကရိန်းပဋိပက္ခသည် မကြာမီအချိန်အတွင်း ဖြေရှင်းနိုင်မည့်ပုံမပေါ်ကြောင်း နှင့် ပိုမိုအရှိန်မြင့်လာမည့် အလားအလာများရှိနေကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်က ပြောကြားခဲ့သည်။
ရုရှားနှင့် ယူကရိန်းကြား ဖြစ်ပွားနေသော ပဋိပက္ခသည် ချေမှုန်းရေးစစ်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်း ဟာကန်ဖီဒန်က ပြောကြားခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တူရကီနိုင်ငံက စိုးရိမ်မိကြောင်း ဟာကန်ဖီဒန်က ထပ်မံပြောဆိုခဲ့သည်။ ဟာကန်ဖီဒန်က “ဒီပဋိပက္ခဟာ ဒေသတွင်းကို ကျယ်ပြန့်လာမှာကို ကျွန်တော်တို့ တကယ် စိုးရိမ်မိပါတယ်။ ဥရောပဟာ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့အခြေအနေတွေကို ကျွန်တော်တို့ထက်ပိုပြီး စိုးရိမ်သင့်ပါ တယ်” ဟု ပြောခဲ့သည်။
ထို့အပြင် ရုရှားနှင့် ယူကရိန်းကြား ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အလားအလာများနှင့်ပတ်သက်ပြီး ဟာကန်ဖီဒန်က မှတ်ချက်ပြုပြောဆိုခဲ့ကြောင်းလည်း သိရသည်။ ၎င်းက “၂၀၂၄ ခုနှစ်မှာ ငြိမ်းချမ်းရေး သဘောတူညီချက်နဲ့ပတ်သက်ပြီး တိုးတက်မှုတွေကို မျှော်လင့်လို့မရပါဘူး။ လာမယ့်အနာဂတ်မှာ ဒီငြိမ်းချမ်းရေး သဘောတူညီချက်ကို ကျွန်တော်တို့ မြင်ရမှာ မဟုတ်သေးပါဘူး” ဟု ပြောခဲ့သည်။
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်း စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် တူရကီသည် ရုရှားနှင့် ယူကရိန်းတို့ကို ရန်လိုမှုများအား ရပ်တန့်ရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။ ပဋိပက္ခအစောပိုင်းကာလများတွင် ရုရှားနှင့် ယူကရိန်း ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ခဲ့သော်လည်း သဘောတူညီချက် ရရှိခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။
လက်ရှိဖြစ်ပွားနေသောပဋိပက္ခကို ရပ်တန့်ရန်အတွက် ယူကရိန်း၏ အချုပ်အခြာအာဏာပြဿနာကို အပစ်အခတ် ရပ်စဲရေးမှ ခွဲထုတ်ရန် အချိန်တန်ပြီဖြစ်ကြောင်း ဟာကန်ဖီဒန်က ပြီးခဲ့သည့် မတ်လ(၁၅)ရက်တွင် ထုတ်ဖော်ပြောခဲ့ သည်။ သို့သော်လည်း အဆိုပါပြောဆိုချက်များမှာ ရုရှား၏ နယ်မြေပိုင်ဆိုင်မှုကို အသိအမှတ်ပြုသည်ဟု မဆိုလို ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆင်ဘိုမြို့နယ်တွင် တပ်မတော်လုံခြုံရေးအဖွဲ့ နှင့် KIA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း