ဆင်ဘိုမြို့နယ်တွင် တပ်မတော်လုံခြုံရေးအဖွဲ့ နှင့် KIA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေ
Pearl (NSS) - မတ် ၁၉
ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်တွင် တပ်မတော်လုံခြုံရေးအဖွဲ့နှင့် KIA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့ (မတ်လ ၁၉ ရက်) ၊ နေ့လည် (၁၂)နာရီအချိန်ခန့်က ဆင်ဘိုမြို့နယ်ခွဲအနီးရှိ ခလရ (၁၄၁) တပ်စခန်းကို KIA၊ AA ၊ PDF ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
“၁၂ နာရီလောက်က စတိုက်တာ။ အင်အားက တော်တော်ကိုများတယ်။ အခုထိတော့ တိုက်ပွဲက ပြင်းထန်နေ တုန်းပဲ” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက နေ့လည်ပိုင်း (၂)နာရီအချိန်ခန့်တွင် NP News ကို ပြောသည်။
လက်ရှိတွင် ခလရ (၁၄၁)ကို KIA၊ AA၊ PDF ပူးပေါင်းအဖွဲ့အနေဖြင့် ထိန်းချုပ်ထားနိုင်သည့် အခြေအနေမရှိသော် လည်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ် ကြောင်းသိရသည်။
အဆိုပါ တပ်စခန်းကို ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်ကလည်း KIA၊ AA၊ PDF ပူးပေါင်းအဖွဲ့အနေဖြင့် အင်အား အများအပြားဖြင့် ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ်လ ၁၉ ရက်အတွင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း