အလှူပွဲ၌ ဗီဒီယိုရိုက်ကူးနေသည့် အုပ်ချုပ်ရေးမှူးကို အကြမ်းဖက်သမား(၄)ဦးက သေနတ်ဖြင့် ပစ်သတ်မှု ခရမ်းမြို့နယ်၌ ဖြစ်ပွား
NP News - မတ် ၃၀
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၌ ဗီဒီယိုရိုက်ကူးရေးုလုပ်ငန်း လုပ်ကိုင်သည့် အုပ်ချုပ်ရေးမှူးတစ်ဦးကို အကြမ်းဖက်သမား(၄)ဦး က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၃၀ ရက်) နံနက် ၁၀ နာရီအချိန်ခန့်တွင် ခရမ်းမြို့နယ်၊ ကံဘဲ့ကျေးရွာရှိ ကံဘဲ့ကျေးရွာဘုန်းကြီး ကျောင်းအနီးတွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ ဒေသခံတစ်ဦးက NP News ကိုပြောသည်။
ကံဘဲ့ကျေးရွာ၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမျိုးဇော်ဦးသည် ကျေးရွာအလှူပွဲ၏ မဏ္ဍပ်အနီးတွင် ဗီဒီယို ရိုက်ကူးနေစဉ် အကြမ်းဖက်သမား(၄)ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဒေသခံက ဆိုသည်။
ထိုသို့ ပစ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးဖြစ်သူမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူးဦးမျိုးဇော်ဦးသည် ဗီဒီယိုရိုက်ကူးရေးလုပ်ငန်းကို လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်းလည်း သိရှိရသည်။
အလားတူ ပြီးခဲ့သောလပိုင်းအတွင်းကလည်း ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၌ အလှူပွဲတစ်ခုတွင် ဝိုင်းဖွဲ့စကားပြောဆိုနေသည့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများကို အကြမ်းဖက်သမားများက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာကျော် အမေရိကန် အဆိုတော် လာနာဒယ်လ်ရေးက ချစ်သူဖြစ်သူ အီဗန်ဝီနီကာနဲ့ စေ့စပ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း