နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် မွေးသက္ကရာဇ်ပြင်ဆင်မှုအား ရုံးချုပ်ကိုတင်ပြပြီးမှသာ ဆောင်ရွက်ပေးနေဟုဆို
ယွန်း (NSS) - မတ် ၁၄
နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် မွေးသက္ကရာဇ်ပြင်ဆင်မှုအား ရုံးချုပ်ကိုတင်ပြပြီးမှသာ ဆောင်ရွက်ပေးနေကြောင်း နစကမှ မီဒီယာများကို အသိပေးပြောကြားထားသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် ကာယကံရှင်၏ နိုင်ငံသားစိစစ်ရေးကတ်တွင်ပါသည့် အချက်အလက်များနှင့် e-ID စနစ်တွင်ရှိသည့် အချက်အလက်များ၏ကွဲလွဲမှုသည် ရာခိုင်နှုန်းအနည်းငယ်သာရှိကြောင်း သိရသည်။ အဆိုပါကွဲလွဲမှုများသည် ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ကို ပြန်လည်ပြင်ဆင်မှုများလည်းရှိနေကြောင်း သိရသည်။
ထို့ကြောင့် အချက်အလက် ကွဲလွဲမှုများကို ချက်ချင်းပြင်ဆင်နိုင်ရန်အတွက် Typing Error ကြောင့်ဖြစ်သည့် အမည်၊ အဘအမည် အချက်အလက်ကွဲလွဲမှုမျိုးကို ချက်ချင်းပြင်ဆင်မှုများလုပ်ဆောင်ပေးနေကြောင်း နစကမှ ဆိုထားသည်။
သို့သော် ယခုအခါ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် ဥပဒေအရ အကျုံးဝင်သည့် အသက်ကန့်သတ် ချက်များနှင့်ပတ်သက်သည့် မွေးသက္ကရာဇ်ပြင်ဆင်မှုများကို တရားမဝင်လုပ်ဆောင်လာနိုင်သည့်အတွက် မွေးသက္ကရာဇ်ပြင်ဆင်မှုများအား ရုံးချုပ်ကို တင်ပြပြီးမှသာ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အလားတူ အချို့သော ဆက်သွယ်မှုဆိုင်ရာ အခက်အခဲရှိသည့် မြို့နယ်များအတွက် လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုများ မဖြစ်စေရန် ရုံးချုပ်တွင် “အချက်အလက်စိစစ် ပြင်ဆင်ပေးရေးအဖွဲ့” ဖွဲ့ ၍ သက်ဆိုင်ရာမြို့နယ်ကိုယ်စား ပြင်ဆင်မှုများကို လုပ်ပေးနိုင်အောင်ဆောင်ရွက်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုံရွာမြို့ရှိ အင်းဝဘဏ်ကို အမျိုးသား(၆)ဦးက ဓားပြတိုက်ပြီးနောက် ဘဏ်မန်နေဂျာအမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း