တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကြက်ကြော်ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၇)ဦးသေဆုံး
Pika (NSS) - မတ် ၁၄
တရုတ်နိုင်ငံ မြောက်ပိုင်း Hebei ပြည်နယ် Yanjiao မြို့ရှိ ကြက်ကြော်ဆိုင်တစ်ဆိုင်တွင် မတ်လ(၁၃)ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၇)ဦးသေဆုံးခဲ့ပြီး၊ အခြားလူ(၂၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်ခဲ့ကြောင်း ပေကျင်းမြို့အနီး Sanhe ကောင်တီရှိ ဒေသတွင်းအစိုးရအရာရှိများက မတ်လ(၁၄)ရက်တွင် ပြောကြားခဲ့သည်။
အစောပိုင်းစုံစမ်းစစ်ဆေးမှုများအရ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့်် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပုံပေါ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထို့အပြင် လက်ရှိအချိန်တွင် လူ(၁၄)ဦးမှာ ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှုကြောင့် အနီးအနားရှိ အဆောက်အဦးများလည်း ပျက်စီးခဲ့ပြီး မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် ပေါက်ကွဲမှုကြောင့် အဆိုပါကြက်ကြော်ဆိုင်အနီး လမ်းမပေါ်တွင် ရပ်ထားသော ကားများလည်း ပျက်စီးသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်မှုများ ပြီးဆုံးသွားပြီဖြစ်သော်လည်း အပျက်အစီးများအား ရှင်းလင်းမှုကို ဆက်လက်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကိုလည်း စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ၎င်းတို့က ထပ်မံပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပထွက်ခွါမှုများပြီး CMP အထည်ချုပ်လုပ်ငန်းများ၌ ကျွမ်းကျင်လုပ်သားရှားပါးနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း