ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးမှာ နှင်းထုပြိုကျမှုကြောင့် နယူးဇီလန်နိုင်ငံသားနှစ်ဦး သေဆုံး
ရောင်နီ (NSS) - မတ် ၁၃
ဂျပန်နိုင်ငံမှာ နှင်းထုပြိုကျမှုကြောင့် နယူးဇီလန်နိုင်ငံသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဝဲလ်တန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့ (မတ် ၁၂ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ဟာ့ကိုင်းဒိုးကျွန်းရှိ ဆာပိုရိုမြို့မှ ကီလိုမီတာ ၉ဝ ခန့်အကွာ ယိုတိုင်တောင်မှာ နှင်းလျှောစီးနေစဉ် မတော်တဆဖြစ် ပြီး သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်ပြည်တွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ အဆိုပါနယူးဇီလန် နိုင်ငံသား အမျိုးသားနဲ့ အမျိုးသမီးဟာ နှင်းပြိုကျပြီးနောက် ပြန်လည်သတိလည်လာခြင်း မရှိတာကြောင့် ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
ဆီးနှင်းပြိုကျမှုကြောင့် နယူးဇီလန်နိုင်ငံသားနှစ်ဦး သေဆုံးသွားခဲ့တဲ့အကြောင်းကိုတော့ ဂျပန်ရဲတပ်ဖွဲ့က အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။
"ပါဝင်ပတ်သက်သူတွေရဲ့မိသားစုတွေကို နယူးဇီလန်သံရုံးကောင်စစ်ဝန်က ဆက်သွယ်ထားပါတယ်” လို့ ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။ အခြားကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးဒေသဟာ နှင်းလျှောစီး အားကစားပြုလုပ်ရာ ကမ္ဘာလှည့် ခရီးသွား လူစည်ကားတဲ့နေရာတစ်ခုဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အော်စကာ ဆုပေးပွဲတက်ရောက်ခဲ့တဲ့ နာမည်ကျော် ခွေးလေး မက်စီ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း