ကျောက်မဲမြို့နယ်တွင် ကုန်ကား တစ်စီး ဘရိတ်ပေါက်ကာ ယာဉ်တိုက်မှုဖြစ်ပွား
Pearl (NP News) - မတ် ၃ဝ
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် ကုန်ကားတစ်စီး ဘရိတ်ပေါက်၍ ကား (၂)စီးအား တိုက်မှုဖြစ်ပွားခဲ့ကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ ( မတ်လ ၃ဝ ရက်) ၊ နံနက် (၉)နာရီအချိန်ခန့်တွင် ကျောက်မဲမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး၊ ဂုတ်တွင်းအဆင်း၊ ကျောက်မဲရေကန်အောက်ကွေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောက်မဲရေကန်အောက်ကွေ့တွင် ကုန်ကားတစ်စီး ဘရိတ်ပေါက်၍ ကား (၂)စီးအား တိုက်မိခဲ့ကြောင်း သိရသည်။
"ကုန်ကားဘရိတ်ပေါက်ပြီး ကားနှစ်စီးကြားထဲ ရောက်သွားတာ၊ ဘယ်ရောညာရောက ကား(၂)စီးကို တိုက်မိတာပေါ့၊ ကုန်ကားမောင်းတဲ့လူ ခြေထောက်မှာ နည်းနည်းလေးဒဏ်ရာရတယ်" ဟု ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ထိုဖြစ်စဉ်ကြောင့် ကား (၃)စီး ထိခိုက်ပျက်စီးခဲ့ပြီး ကုန်ကားယာဉ်မောင်းသည် ထိခိုက်ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။
zawgyi version
ေက်ာက္မဲၿမိဳ႕နယ္တြင္ ကုန္ကား တစ္စီး ဘရိတ္ေပါက္ကာ ယာဥ္တိုက္မႈျဖစ္ပြား
Pearl (NP News) - မတ္ ၃ဝ
ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕နယ္တြင္ ကုန္ကားတစ္စီး ဘရိတ္ေပါက္၍ ကား (၂)စီးအား တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း ကမ္းလင့္လက္မ်ား လူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ ( မတ္လ ၃ဝ ရက္) ၊ နံနက္ (၉)နာရီအခ်ိန္ခန႔္တြင္ ေက်ာက္မဲၿမိဳ႕နယ္၊ ျပည္ေထာင္စုလမ္းမႀကီး၊ ဂုတ္တြင္းအဆင္း၊ ေက်ာက္မဲေရကန္ေအာက္ေကြ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေက်ာက္မဲေရကန္ေအာက္ေကြ႕တြင္ ကုန္ကားတစ္စီး ဘရိတ္ေပါက္၍ ကား (၂)စီးအား တိုက္မိခဲ့ေၾကာင္း သိရသည္။
"ကုန္ကားဘရိတ္ေပါက္ၿပီး ကားႏွစ္စီးၾကားထဲ ေရာက္သြားတာ၊ ဘယ္ေရာညာေရာက ကား(၂)စီးကို တိုက္မိတာေပါ့၊ ကုန္ကားေမာင္းတဲ့လူ ေျခေထာက္မွာ နည္းနည္းေလးဒဏ္ရာရတယ္" ဟု ကမ္းလင့္လက္မ်ား လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
ထိုျဖစ္စဥ္ေၾကာင့္ ကား (၃)စီး ထိခိုက္ပ်က္စီးခဲ့ၿပီး ကုန္ကားယာဥ္ေမာင္းသည္ ထိခိုက္ဒဏ္ရာအနည္းငယ္သာ ရရွိခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်အစိုးရရဲ့ခြိမ်းခြောက်မှုများကို ထိုင်ဝမ်သမ္မတက ငြင်းဆန်ပယ်ချလိုက်ပြီး တင်းမာမှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း