ဟောင်ကောင်မှာ ကလေးငယ် ၂ ဦးရဲ့အလောင်းကို ဖန်ပုလင်းထဲ ထည့်ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီး ဖမ်းဆီးခံရ
ရောင်နီ (NSS) - မတ် ၁၁
ဟောင်ကောင်မှာ မတ်လ ၈ ရက်က အငှားတိုက်ခန်းတစ်ခုမှာ ဖန်ပုလင်းများအတွင်း သေဆုံးနေတဲ့ မွေးကင်းစ ကလေးငယ်နှစ်ဦးကို တွေ့ရှိပြီးနောက် တိုက်ခန်းမှာနေထိုင်တဲ့ အမျိုးသားနဲ့ အမျိုးသမီးကို ဖမ်းဆီးခဲ့ပါတယ်။
ပဏာမ မှုခင်းဆေးပညာ စစ်ဆေးမှုအရ အလောင်းတွေဟာ သီတင်းပတ် ၂၄ မှ ၃၀ အကြားအရွယ်ရှိ မွေးကင်းစ ကလေးငယ်တွေဖြစ်ပြီး ဒဏ်ရာရထားတဲ့ လက္ခဏာမရှိဘူးလို့ သိရပါတယ်။ သံသယနဲ့ ဖမ်းဆီးထားတဲ့ အမျိုးသားနဲ့ အမျိုးသမီးဟာ အသက် ၂၄ နှစ်နဲ့ ၂၂ နှစ် အရွယ်တွေဖြစ်ကြပြီး ကလေးတွေရဲ့မိဘတွေ ဟုတ်/မဟုတ် သိရဖို့ DNA စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းများအရ သိရပါတယ်။
ဒီကလေးအလောင်းတွေကို တိုက်ခန်း သန့်ရှင်းရေးလုပ်တဲ့ သန့်ရှင်းရေးသမားတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ကလေးငယ် ၂ ဦးလုံး ယောက်ျားလေးများ ဖြစ်ပြီး အချင်း ၁၅ စင်တီမီတာ နဲ့ အမြင့် ၃၀ စင်တီမီတာခန့်ရှိ ဖန်ပုလင်း များထဲထည့်ထားကာ အဖြူရောင် မျက်နှာသုတ်ပုဝါရှည်နဲ့ ဖုံးအုပ်ထားပါတယ်။ လတ်တလော ရရှိတဲ့ စစ်ဆေးချက် အရတော့ ကလေးနှစ်ဦးအတွက် ဆေးရုံမှ မွေးဖွားမှုမှတ်တမ်းတွေကိုတော့ မတွေ့ရှိရဘူးလို့ ဆိုပါတယ်။
အဆိုပါကလေးတွေ သေဆုံးရတဲ့အချိန်နဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စစ်ဆေးရှာဖွေနေဆဲဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသားအလောင်းကို ယူလာပြီး ငွေထုတ်ဖို့ ကြိုးစားတဲ့ အမေရိကန် အမျိုးသမီး ၂ ဦး တရားစွဲခံရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း