မြန်မာနိုင်ငံတွင် အွန်လိုင်းပေးချေမှုစနစ်ဖြင့် ရွှေစုဆောင်းနိုင်မည့်အစီအစဉ်ကို UAB Pay စတင်မိတ်ဆက်
ယွန်း (NP News) - မတ် ၃ဝ
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဒစ်ဂျစ်တယ်စနစ်ဖြင့် ရွှေရင်းနှီးမြှုပ်နှံမှုကို UAB pay မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားကို မတ်လ(၂၉)ရက်တွင် ရန်ကုန်မြို့ Time City ရှိ UAB Tower တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
၎င်းစနစ်ကို UAB pay နှင့် ရွှေဘုံသာအခေါက်ရွှေဆိုင်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။
“မြန်မာနိုင်ငံမှာဆိုရင် ရွှေကို ဝယ်စုဖို့ဆိုရင် အတိုင်းအတာတစ်ခုအထိပေးနိုင်မှဝယ်စုလို့ရတဲ့ အနေအထားရှိတယ်။ ကျွန်တော်က အဲဒါကို အများဝယ်စုလို့ရတဲ့ ဒီဂျစ်တယ်လိုက်ဇေးရှင်းဘက်ကို ပြောင်းချင်တဲ့သဘောပါ” ဟု ရွှေဘုံသာ အခေါက်ရွှေဆိုင်၏ ဒါရိုက်တာ ဒေါက်တာသိန်းဟန်က ဆိုသည်။
အဆိုပါစနစ်အရ ရွှေတစ်ရွေးမှစတင်ပြီး အခေါက်ရွှေများကို UAB pay မှတစ်ဆင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး UAB pay Wallet တွင် အနည်းဆုံး ရွှေနှစ်ရွေးရှိပါက ပြန်လည်ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ရွှေဈေးအတက်အကျကို ကြည့်ပြီး တစ်ရွေးကနေပြီးတော့ ဝယ်လို့ရပါတယ်။ အဲဒီကနေပြီးတော့ ငါးရွေးဝယ်မလား၊ ဆယ်ရွေးဝယ်မလား ဝယ်လို့ရပါတယ်” ဟု UAB pay မှ တာဝန်ရှိသူ မယမင်းက ဆိုသည်။
အဆိုပါ ရွှေများကို UAB pay ဖြင့် ဝယ်ယူပြီးပြန်လည်ရောင်းချလိုပါကလည်း ရွှေဘုံသာ အခေါက်ရွှေဆိုင်မှ ပေါက်ဈေးနှင့်အညီ ပြန်လည်ဝယ်ယူပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၎င်းစနစ်သည် မြန်မာနိုင်ငံတွင် ပထမဆုံး အွန်လိုင်းမှတစ်ဆင့် ရွှေဝယ်စုဆောင်းနိုင်မည့် စနစ်တစ်ခုလည်း ဖြစ်သည်။
zawgyi version
ျမန္မာႏိုင္ငံတြင္ အြန္လိုင္းေပးေခ်မႈစနစ္ျဖင့္ ေ႐ႊစုေဆာင္းႏိုင္မည့္အစီအစဥ္ကို UAB Pay စတင္မိတ္ဆက္
ယြန္း (NP News) - မတ္ ၃ဝ
ျမန္မာႏိုင္ငံတြင္ ပထမဆုံးအႀကိမ္ ဒစ္ဂ်စ္တယ္စနစ္ျဖင့္ ေ႐ႊရင္းႏွီးျမႇဳပ္ႏွံမႈကို UAB pay မွ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ မိတ္ဆက္ပြဲအခမ္းအနားကို မတ္လ(၂၉)ရက္တြင္ ရန္ကုန္ၿမိဳ႕ Time City ရွိ UAB Tower တြင္ က်င္းပခဲ့ျခင္းျဖစ္သည္။
၎စနစ္ကို UAB pay ႏွင့္ ေ႐ႊဘုံသာအေခါက္ေ႐ႊဆိုင္တို႔မွ ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ သည္။
“ျမန္မာႏိုင္ငံမွာဆိုရင္ ေ႐ႊကို ဝယ္စုဖို႔ဆိုရင္ အတိုင္းအတာတစ္ခုအထိေပးႏိုင္မွဝယ္စုလို႔ရတဲ့ အေနအထားရွိတယ္။ ကြၽန္ေတာ္က အဲဒါကို အမ်ားဝယ္စုလို႔ရတဲ့ ဒီဂ်စ္တယ္လိုက္ေဇးရွင္းဘက္ကို ေျပာင္းခ်င္တဲ့သေဘာပါ” ဟု ေ႐ႊဘုံသာ အေခါက္ေ႐ႊဆိုင္၏ ဒါ႐ိုက္တာ ေဒါက္တာသိန္းဟန္က ဆိုသည္။
အဆိုပါစနစ္အရ ေ႐ႊတစ္ေ႐ြးမွစတင္ၿပီး အေခါက္ေ႐ႊမ်ားကို UAB pay မွတစ္ဆင့္ ဝယ္ယူႏိုင္မည္ျဖစ္ၿပီး UAB pay Wallet တြင္ အနည္းဆုံး ေ႐ႊႏွစ္ေ႐ြးရွိပါက ျပန္လည္ေရာင္းခ်ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
“ေ႐ႊေဈးအတက္အက်ကို ၾကည့္ၿပီး တစ္ေ႐ြးကေနၿပီးေတာ့ ဝယ္လို႔ရပါတယ္။ အဲဒီကေနၿပီးေတာ့ ငါးေ႐ြးဝယ္မလား၊ ဆယ္ေ႐ြးဝယ္မလား ဝယ္လို႔ရပါတယ္” ဟု UAB pay မွ တာဝန္ရွိသူ မယမင္းက ဆိုသည္။
အဆိုပါ ေ႐ႊမ်ားကို UAB pay ျဖင့္ ဝယ္ယူၿပီးျပန္လည္ေရာင္းခ်လိုပါကလည္း ေ႐ႊဘုံသာ အေခါက္ေ႐ႊဆိုင္မွ ေပါက္ေဈးႏွင့္အညီ ျပန္လည္ဝယ္ယူေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
၎စနစ္သည္ ျမန္မာႏိုင္ငံတြင္ ပထမဆုံး အြန္လိုင္းမွတစ္ဆင့္ ေ႐ႊဝယ္စုေဆာင္းႏိုင္မည့္ စနစ္တစ္ခုလည္း ျဖစ္သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေရှ့်အမျိုးသမီး ဘောလုံးအသင်းက အိုလံပစ်ခြေစစ်ပွဲမှ နုတ်ထွက်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း