အီတလီအနုပညာပြပွဲမှ ဒေါ်လာ ၁.၃ သန်းကျော်တန်ဖိုးရှိ ရွှေပန်းပုရုပ်တုများ ခိုးယူခံရ
ရောင်နီ (NSS) - မတ် ၁၁
အီတလီနိုင်ငံမှ ပန်းပုဆရာ အန်ဘာတို မို့ရိုရီအန်နီ မှ ဖန်တီးထာတဲ့ ရွှေထည်ပစ္စည်း ၅ဝ နီးပါးဟာ ဗုဒ္ဓဟူးနေ့ (မတ်လ ၆ ရက်) က အီတလီနိုင်ငံ၊ Lake Garda အနီးရှိ ပြပွဲတစ်ခုမှ ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။
ယူရို ၁.၂ သန်း (ဒေါ်လာ ၁.၃ သန်းကျော်) တန်ကြေးရှိ အနုပညာ လေးဆယ့်ကိုးခု ခိုးယူခံခဲ့ရတယ်လို့ ပြပွဲရဲ့အိမ်ရှင် ဖြစ်တဲ့ Vittoriale degli Italiani မှ ပြောရေးဆိုခွင့်ရှိသူက စနေနေ့(မတ်လ ၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။
"Uomo/Donna” (Man/Woman) လို့ အမည်ပေးထားတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကတော့ ပြပွဲအဆောက်အအုံရဲ့ ခြံဝင်းအတွင်း ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပေမယ့် ကျန် ၄၈ ခုကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့ပါတယ်။
ခိုးယူမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ပြပွဲဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
တာဝန်ရှိသူတွေကတော့ အခုဖြစ်ရပ်မှာ သူခိုးဟာ အထူးဂိုဏ်းတစ်ခုမှ လုပ်ဆောင်ခြင်းဖြစ်မယ်လို့ ယူဆထားကြပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Chibi Maruko-chan ဂျပန် anime series မှ လူသိများတဲ့ ကာရိုက်တာ Maruko အဖြစ် အသံသရုပ်ဆောင်ခဲ့သူ မင်းသမီးတာရာကို ကွယ်လွန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း