တဖြည်းဖြည်း မြင့်မားလာသော နိုင်ဂျီးရီးယားပြန်ပေးဆွဲမှုများနှင့် ပါဝင်ပတ်သက်နေသူများ
ALynn (NSS) - မတ် ၉
နိုင်ဂျီးရီးယားတွင် ပြန်ပေးဆွဲမှုများသည် ရာဇ၀တ်ဂိုဏ်းများနှင့် အစ္စလာမ္မစ်အုပ်စုများ၏ ကွန်ရက်ကို ကြီးမားအောင်ဖန်တီးပေးသည့် နာတာရှည်လုံခြုံ ရေးခြိမ်းခြောက်မှုတစ်ခုအဖြစ် ပေါ်ပေါက်လာသည်။
၂၀၂၂ ဇူလိုင်လမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ နိုင်ဂျီးရီးယားတွင် အနည်းဆုံး လူ ၃,၆၂၀ ပြန်ပေးဆွဲခံခဲ့ရသည်။ အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲခြင်းများ အဖြစ်များပြီး ပြန်ပေးဆွဲမှုတိုင်းတွင် ပျမ်းမျှအားဖြင့် လူ ၆ ဦးခန့် ခေါ်ဆောင် သွားလေ့ရှိသည်။ ပြန်ပေးဆွဲသူများသည် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ အနည်းဆုံး Naira ၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ သန်း သို့မဟုတ် ယူရို ၅ ဒသမ ၈ သန်း) ကို တောင်းဆိုခဲ့သည်ဟု အာဖရိက အခြေစိုက် စုံစမ်းရေးကုမ္ပဏီတစ်ခု၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့သော် နိုင်ဂျီးရီးယား၏ စီးပွားရေး ရုန်းကန်နေရမှုနှင့် အလုပ်လက်မဲ့များ မြင့်တက်လာခြင်းကြောင့် ၃၈၇,၁၇၉ ဒေါ်လာကိုသာ ပြန်ရွေးရန်အတွက်ပေးချေနိုင်ခဲ့သည်။ ၎င်းသည် ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ ပေးဆောင်ခဲ့သော ဒေါ်လာ ၁ သန်းထက် သိသိသာသာ နည်းပါးနေသည်။
နိုင်ဂျီးရီးယား၏ ပြန်ပေးဆွဲခြင်းလုပ်ငန်း၌ အုပ်စုအဖွဲ့အမျိုးမျိုး ပါဝင်နေ သည်။ ပထမဦးစွာ နိုင်ဂျီးရီးယားမြောက်ပိုင်းတစ်ခွင်တွင် ဓားပြများဟု လူသိများသော အကြမ်းဖက်ရာဇ၀တ်ဂိုဏ်းများနှင့် လက်နက်ကိုင်အဖွဲ့များသည် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှုများအပြင် ဒေသခံရွာသားများနှင့် ကျောင်းသူကလေးများကို ပြန်ပေးဆွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်။ မြောက်ပိုင်းဒေသနှင့် အထူးသဖြင့် အရှေ့မြောက်ဘက်တွင် ISWAP နှင့် ဘိုကိုဟာရမ်ဟု လူသိများသော အစ္စလာမ္မစ် စစ်သွေးကြွများခြေရှုပ်နေကြသည်။ ဘိုကိုဟာရမ်သည် ၂၀၁၄ ခုနှစ်တွင် Chibok ရှိ ကျောင်းသူလေး ၂၇၆ ဦးကို ပြန်ပေးဆွဲခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ဘိုကိုဟာရမ်သည် အထူးသဖြင့် ဘော်ဒါကျောင်းများ သို့မဟုတ် တက္ကသိုလ်အဆောင်များတွင် နေထိုင်လေ့ရှိသည့် မိန်းကလေးများနှင့် လူငယ်များကို ပစ်မှတ်ထားသည်။ ကမ္ဘာပေါ်ရှိ အညစ်ညမ်းဆုံးနေရာများထဲမှ တစ်ခုဖြစ်သည့် ရေနံကြွယ်ဝသော နိုင်ဂျာမြစ်ဝကျွန်းပေါ်ဒေသတွင်လည်း လက်နက်ကိုင်အဖွဲ့အများအပြား လှုပ်ရှားနေကြသည်။ နိုင်ငံခြားရေနံလုပ်သားများ၊ အစိုးရ အရာရှိများ၊ အထင်ကရပုဂ္ဂိုလ်များ၏ သားသမီးများနှင့် အခြားလူကုန်တန်များသည် ၎င်းအဖွဲ့များ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။
ပြန်ပေးဆွဲမှု အများအပြားသည် စီးပွားရေးကျပ်တည်းခြင်း၏ အကျိုးဆက်များဖြစ်ပြီး ငွေရရှိရေးနည်းလမ်းအဖြစ် အသုံးပြုကြသည်။ ပြန်ပေးဆွဲသူများသည် အများအားဖြင့် ပြန်ရွေးငွေတောင်းခံလေ့ရှိသော်လည်း တစ်ခါတစ်ရံတွင် စားသောက်ကုန်များ၊ ဆိုင်ကယ်များ နှင့် ဓာတ်ဆီများအထိပါ တောင်းဆိုတတ်ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်သစ်ကမ်းခြေတွေမှာ ပင်လယ်ငှက် အသေကောင် ၅၀၀ ကျော် သောင်တင်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း