MAI လေကြောင်းလိုင်းသို့ ယခုလအတွင်း ATR တစ်စင်းထပ်မံရောက်ရှိမည်ဖြစ်ပြီး ခရီးစဉ်သစ် (၄)ခုကိုပါ တိုးချဲ့ပြေးဆွဲသွားမည်
ယွန်း (NSS) - မတ် ၉
ယခု(၂၀၂၄ ခုနှစ်)၊ မတ်လအတွင်း MAI နှင့် Mingalar လေယာဥ်အုပ်သို့ လေယာဥ်အသစ်တစ်စီး ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
MAI ၏ Acting Chief Executive Officer and Chief Commercial Officer ဖြစ်သူ Mr. Tanes Kumar က မတ်လ(၈)ရက်တွင် ရန်ကုန်မြို့ရှိ LOTTE Hotel ၌ ကျင်းပခဲ့သည့် MAI Flight Forward အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
“၂၀၂၄ နှစ်ကုန်တွင် ပြည်ပခရီးစဥ် ၂၁ ခုနှင့် ပြည်တွင်းခရီးစဥ် ၂၀ ခုကို ပြေးဆွဲပေးသွားမှာဖြစ်တယ်။ ယခုနှစ်၊ မတ်လ(၂၄)ရက်မှာ MAI နှင့် Mingalar လေယာဥ်အုပ်သို့ ATR 72-600 လေယာဥ်အသစ်တစ်စီး ထပ်မံရောက်ရှိလာပါမယ်”ဟု Mr. Tanes Kumar က ပြောသည်။
ထို့ပြင် ယခုနှစ်များ၌ သယ်ယူပို့ဆောင်ရေး နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများတွင် စိန်ခေါ်မှုများရှိနေသော်လည်း MAI အနေဖြင့် နိုင်ငံတကာလေဆိပ် ၁၇ ခုနှင့် ပြည်တွင်းလေဆိပ် ၁၃ ခုကို ပြေးဆွဲနေကြောင်း သိရသည်။
အလားတူ ခရီးစဥ်လမ်းကြောင်းသစ်များဖြစ်သည့် ထိုင်းနိုင်ငံ ချင်းမိုင်သို့ ၂၀၂၄ ခုနှစ်၊ ဧပြီ(၃)ရက်နေ့မှစ၍ တစ်ပတ်လျှင် (၃)ကြိမ်၊ လာအိုနိုင်ငံ၊ Vientiane မြို့သို့ မေလ(၄)ရက်မှစ၍ တစ်ပတ်လျှင် (၂)ကြိမ်၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သို့ မေလ(၈)ရက်မှစ၍ တစ်ပတ်လျှင် (၂)ကြိမ်နှင့် UAE နိုင်ငံ၊ ဒိုဟာမြို့သို့ ဇွန်လ(၁)ရက်မှစ၍ တစ်ပတ်လျှင် (၂)ကြိမ် အသီးသီးပြေးဆွဲပေးသွားမည်ဖြစ်သည်။
ထို့ပြင် ပြည်တွင်းခရီးစဥ်များဖြစ်သည့် လားရှိုး၊ လွိုင်ကော်၊ နေပြည်တော်၊ ကလေးနှင့် ခန္တီးမြို့များသို့ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပြီး ဟုမ္မလင်းနှင့် မော်လမြိုင်သို့ အသစ်ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ MAI အနေဖြင့် မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍအတွက် ကုန်စည်စီးဆင်းမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်၊ သွင်းကုန်များကို ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက်စေရန်ရည်ရွယ်၍ ကုန်တင်လေယာဥ်(cargo flight)ကိုလည်း ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်ပေါင်း ၈၂၀၀ သက်တမ်းရှိ ဂူပန်းချီကားများကို တောင်အမေရိကမှာ တွေ့ရှိ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း