ကနေဒါနိုင်ငံ၊ အိုတဝါမှာ သီရိလင်္ကာမိသားစု တိုက်ခိုက်ခံရခြင်းကြောင့် ကလေး ၄ ဦးနဲ့ လူကြီး ၂ ဦး သေဆုံး
ရောင်နီ (NSS) - မတ် ၈
ကနေဒါနိုင်ငံ၊ မြို့တော်အိုတဝါမှာ သီရိလင်္ကာလူမျိုး မိသားစုနေအိမ်မှာ ဓားထိုးသတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က မတ် ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီအမှုမှာ သံသယရှိသူ ဖက်ဘရီယိုဒီဇိုဆာ (၁၉ နှစ်) ကို ပထမအဆင့် လူသတ်မှု၊ လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းမှု တို့နဲ့ တရားစွဲဆိုခဲ့ပါတယ်။
မတ်လ ၆ ရက် ည ၁၁ နာရီခန့်က အဆိုပါမိသားစု နေအိမ်မှ အရေးပေါ်ဖုန်းခေါ်ဆိုမှု နှစ်ကြိမ်ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ သွားရောက်ခဲ့ပြီးနောက်မကြာမီမှာပဲ သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
အိုတဝါရဲချုပ် အဲရစ်စတက်ဘ်က ဒါဟာ ကနေဒါနိုင်ငံရဲ့မြို့တော်မှာဖြစ်ပွားတဲ့ ဓားထိုးသတ်မှုတွေမှာ အနည်းဆုံး ဆယ်စုနှစ် သုံးခုအတွင်း အကြီးမားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သေဆုံးသူတွေဟာ အသက် ၇ နှစ်အရွယ်၊ ၄ နှစ်အရွယ်၊ ၂ နှစ်အရွယ်၊ ၂ လအရွယ် ကလေး ၄ ဦး၊ ၎င်းတို့ရဲ့မိခင်နဲ့ အသိမိတ်ဆွေတစ်ယောက် ဖြစ်ပြီး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။
ကလေးတွေရဲ့ဖခင်ဖြစ်သူကတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတက်နေရတယ်လို့ သိရပါတယ်။
အချွန်လက်နက်ကိုင်ဆောင်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ယုံကြည်ရပေမယ့် ဘာကြောင့်သတ်ဖြတ်ခဲ့တယ်ဆိုတာ
မသိရသေးပါဘူး။ ကနေဒါမှာ အခုလို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟာ ရှားရှားပါးပါးဖြစ်စဉ်ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Dragon Ball မန်ဂါ ဖန်တီးသူ အာကီရာတိုရီရာမာ အသက် ၆၈ နှစ်မှာ ကွယ်လွန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း