ဆိုင်ကယ်ဖြင့်သယ်လာသည့် ပလပ်စတစ်ခြင်းအတွင်းမှ ငွေကျပ်သိန်း(၁၃ဝဝ)ကျော်တန်ဖိုးရှိသော မူးယစ်ဆေးများ မန္တလေးတိုင်းအတွင်း ဖမ်းဆီးရမိ
စော (NP News) - မတ် ၂၉
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ဆိုင်ကယ်ဖြင့်သယ်ဆောင်လာသည့် ပလပ်စတစ်ခြင်းအတွင်းမှ ငွေကျပ်သိန်း(၁၃ဝဝ)ကျော်တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း သတိရရှိသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယနေ့(မတ်လ ၂၉ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၂၆)ရက်၊ ညနေ(၄)နာရီခွဲအချိန်တွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်တွင် ကိုကောင်းထက်ကျော် မောင်းနှင်လာပြီး ကိုဇော်ဆိုင်းဦးလိုက်ပါလာသည့် ဆိုင်ကယ် နှင့် ကိုဆန်းပြည့် မောင်းနှင်ပြီး ကိုမျိုးထွန်းလိုက်ပါလာသည့် ဆိုင်ကယ်တို့အား စစ်ဆေးရှာဖွေခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။
ထိုသို့စစ်ဆေးရှာဖွေစဉ် ကိုဆန်းပြည့်မောင်းနှင်လာသည့် ဆိုင်ကယ်တွင် တင်ဆောင်လာသည့် ပလပ်စတစ်ခြင်းအတွင်းမှ ငွေကျပ်သိန်း(၁၃၁၆ ဒသမ ၂၅)တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြား(၈၇၇၅ဝ) ပြားအား သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။
စစ်ဆေးဖော်ထုတ်ရမိခဲ့သော ၎င်းတို့(၄)ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါများဆိုင်ရာ ဥပဒေအရအမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအားဖော်ထုတ်လျက်ရှိကြောင်း မြန်မာ နိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
အလားတူ အဆိုပါနေ့တွင် ရန်ကုန်တိုင်း ၊ တာမွေမြို့နယ်၌ လမ်းလျှောက်လာသည့် အမျိုးသား(၂)ဦးထံမှ ငွေကျပ်သိန်း (၂၁၇ ဒသမ ၅)တန်ဖိုးရှိသော အိုက်စ်(မက်သ်အဖက်တမင်း)(၈၇ဝ)ဂရမ်၊ ငွေကျပ်သိန်း(၃၅ ဒသမ ၇) တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြား(၃၅၇ဝ)ပြားနှင့် လက်ကိုင်ဖုန်း(၃)လုံးတို့အားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
zawgyi version
ဆိုင္ကယ္ျဖင့္သယ္လာသည့္ ပလပ္စတစ္ျခင္းအတြင္းမွ ေငြက်ပ္သိန္း(၁၃ဝဝ)ေက်ာ္တန္ဖိုးရွိေသာ မူးယစ္ေဆးမ်ား မႏၲေလးတိုင္းအတြင္း ဖမ္းဆီးရမိ
ေစာ (NP News) - မတ္ ၂၉
မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ဆိုင္ကယ္ျဖင့္သယ္ေဆာင္လာသည့္ ပလပ္စတစ္ျခင္းအတြင္းမွ ေငြက်ပ္သိန္း(၁၃ဝဝ)ေက်ာ္တန္ဖိုးရွိေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း သတိရရွိသည္။
ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ယေန႔(မတ္လ ၂၉ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၂၆)ရက္၊ ညေန(၄)နာရီခြဲအခ်ိန္တြင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာၿမိဳင္(၁)ရပ္ကြက္တြင္ ကိုေကာင္းထက္ေက်ာ္ ေမာင္းႏွင္လာၿပီး ကိုေဇာ္ဆိုင္းဦးလိုက္ပါလာသည့္ ဆိုင္ကယ္ ႏွင့္ ကိုဆန္းျပည့္ ေမာင္းႏွင္ၿပီး ကိုမ်ိဳးထြန္းလိုက္ပါလာသည့္ ဆိုင္ကယ္တို႔အား စစ္ေဆးရွာေဖြခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။
ထိုသို႔စစ္ေဆးရွာေဖြစဥ္ ကိုဆန္းျပည့္ေမာင္းႏွင္လာသည့္ ဆိုင္ကယ္တြင္ တင္ေဆာင္လာသည့္ ပလပ္စတစ္ျခင္းအတြင္းမွ ေငြက်ပ္သိန္း(၁၃၁၆ ဒသမ ၂၅)တန္ဖိုးရွိေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၈၇၇၅ဝ) ျပားအား သိမ္းဆည္းခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွထုတ္ျပန္ထားသည္။
စစ္ေဆးေဖာ္ထုတ္ရမိခဲ့ေသာ ၎တို႔(၄)ဦးအား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါမ်ားဆိုင္ရာ ဥပေဒအရအမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္မ်ားအားေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာ ႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ အသိေပးထုတ္ျပန္ထားသည္။
အလားတူ အဆိုပါေန႔တြင္ ရန္ကုန္တိုင္း ၊ တာေမြၿမိဳ႕နယ္၌ လမ္းေလွ်ာက္လာသည့္ အမ်ိဳးသား(၂)ဦးထံမွ ေငြက်ပ္သိန္း (၂၁၇ ဒသမ ၅)တန္ဖိုးရွိေသာ အိုက္စ္(မက္သ္အဖက္တမင္း)(၈၇ဝ)ဂရမ္၊ ေငြက်ပ္သိန္း(၃၅ ဒသမ ၇) တန္ဖိုးရွိေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၃၅၇ဝ)ျပားႏွင့္ လက္ကိုင္ဖုန္း(၃)လုံးတို႔အားသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှိုင်သာယာ၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ မွေ့ယာစက်ရုံ၌ မီးလောင်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း