ပြင်ဦးလွင်၌ စိတ်ကျရောဂါခံစားနေရသည့် အမျိုးသမီးတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
Pearl (NP News) - မတ် ၂၉
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း တုသိတာလူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂၉ ရက်)၊ နံနက် (၉)နာရီအချိန်ခန့်တွင် ပြင်ဦးလွင်မြို့နယ်၊ လက်ပံကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင် နေထိုင်သော ဒေါ်မြင့်သိန်း(၃၇)နှစ်သည် ၎င်း၏ နေအိမ်အတွင်း၌ ကြိုးဆွဲချအဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။
"ရဲက အကြောင်းကြားလို့ ကျွန်တော်တို့ သွားတာပါ၊ သူက အိမ်ထောင်သည်ပါ၊ မွေးစားသားပဲရှိတယ်၊ အခုလိုမဖြစ်ခင် တစ်လလောက်အလိုက ဆေးရုံက ဆေးစစ်ချက်အရ ရောဂါရှိနေတာကို စိတ်ဓာတ်ကျပြီး ဖြစ်သွားတာလို့ ပြောတယ်၊ မိသားစုကိုလည်း အနားကပ်မခံဘူးတဲ့၊ တစ်ယောက်တည်းရှိနေချိန် အခုလိုမျိုးလုပ်သွားတာပါ၊ ညဦးပိုင်းလောက်က ဖြစ်သွားတာလို့ထင်တယ်" ဟု တုသိတာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါ အမျိုးသမီးသည် စိတ်ကျရောဂါကို ခံစားနေရသူဖြစ်ပြီး ၎င်း၏ရုပ်အလောင်းအား ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
zawgyi version
ျပင္ဦးလြင္၌ စိတ္က်ေရာဂါခံစားေနရသည့္ အမ်ိဳးသမီးတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြား
Pearl (NP News) - မတ္ ၂၉
မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ အမ်ိဳးသမီးတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြားခဲ့ေၾကာင္း တုသိတာလူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၂၉ ရက္)၊ နံနက္ (၉)နာရီအခ်ိန္ခန႔္တြင္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ လက္ပံကုန္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေက်း႐ြာတြင္ ေနထိုင္ေသာ ေဒၚျမင့္သိန္း(၃၇)ႏွစ္သည္ ၎၏ ေနအိမ္အတြင္း၌ ႀကိဳးဆြဲခ်အဆုံးစီရင္သြားခဲ့ေၾကာင္း သိရသည္။
"ရဲက အေၾကာင္းၾကားလို႔ ကြၽန္ေတာ္တို႔ သြားတာပါ၊ သူက အိမ္ေထာင္သည္ပါ၊ ေမြးစားသားပဲရွိတယ္၊ အခုလိုမျဖစ္ခင္ တစ္လေလာက္အလိုက ေဆး႐ုံက ေဆးစစ္ခ်က္အရ ေရာဂါရွိေနတာကို စိတ္ဓာတ္က်ၿပီး ျဖစ္သြားတာလို႔ ေျပာတယ္၊ မိသားစုကိုလည္း အနားကပ္မခံဘူးတဲ့၊ တစ္ေယာက္တည္းရွိေနခ်ိန္ အခုလိုမ်ိဳးလုပ္သြားတာပါ၊ ညဦးပိုင္းေလာက္က ျဖစ္သြားတာလို႔ထင္တယ္" ဟု တုသိတာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ အမ်ိဳးသမီးသည္ စိတ္က်ေရာဂါကို ခံစားေနရသူျဖစ္ၿပီး ၎၏႐ုပ္အေလာင္းအား ျပင္ဦးလြင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအသစ်နဲ့ ထိုင်ဝမ်သမ္မတတို့တွေ့ဆုံမယ်ဆိုရင် လက်တုံ့ ပြန်မှာဖြစ်ကြောင်း တရုတ်အစိုးရ သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း