OPEC+ အဖွဲ့ဝင်နိုင်ငံတွေက ရေနံထုတ်လုပ်မှုလျော့ချလိုက်တဲ့အတွက် ဈေးနှုန်းတွေ ပိုမိုမြင့်တက်လာနေ
ဂျန်ဇက် (NSS) - မတ် ၄
ရေနံထုတ်လုပ်တင်ပို့ရောင်းချရေးအဖွဲ့ အိုပက်အုပ်စုတွေဟာ ရေနံထုတ်လုပ်မှုတွေကို ဆက်လက်လျော့ချသွားမှာဖြစ်တဲ့အတွက် ကမ္ဘာရေနံဈေးနှုန်း မြင့်တက်လာဖွယ်ရှိနေကြောင်း သိရပါတယ်။
OPEC+ အဖွဲ့ဝင်နိုင်ငံတွေဟာ ရေနံကို တစ်ရက် စည်ပေါင်း ၂ ဒသမ ၂ သန်း လျော့ချထုတ်လုပ်ဖို့ သဘောတူညီခဲ့ပြီး နောက် ရေနံဈေးနှုန်းတွေမြင့်တက်လာခဲ့ပြီး Brent ရေနံစိမ်းဈေးနှုန်း တစ်စည်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၈၃ ဒေါ်လာရှိလာခဲ့ပြီး၊ ယခင်ထက် ဝ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ West Texas Intermediate (WTI) ရေနံဈေးနှုန်းတွေဟာလည်း တစ်စည်ကို အမေရိကန်ဒေါ်လာ ၈ဝ ဒသမ ၂ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်လာ ခဲ့တယ်လို့ ဆိုပါတယ်။
OPEC+ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ရေနံထုတ်လုပ်မှုလျော့ချလိုက်ခြင်းဟာ ကမ္ဘာ့စီးပွားရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုဖြစ်နေ ချိန်မှာ ရေနံဈေးကွက်အတွင်း ကမောက်ကမ ဖြစ်လာဖွယ်ရှိနေကြောင်း သိရပါတယ်။ OPEC+ အဖွဲ့ဝင်နိုင်ငံတွေ ထဲမှာ ပါဝင်နေတဲ့ ရုရှားနိုင်ငံဟာ ရေနံကို တစ်ရက် စည်ပေါင်း ၄၇၁၀၀၀ ခန့်ထုတ်လုပ်မှာဖြစ်သလို အခြားအဖွဲ့ဝင် နိုင်ငံတွေကလည်း ရေနံထုတ်လုပ်မှုတွေကို လျော့ချသွားမှာဖြစ်ကြောင်း ရုရှား ဒုတိယဝန်ကြီးချုပ်က ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ဂါဇာစစ်ပွဲအပြင် ပင်လယ်နီဒေသက ဖြတ်သန်းနေတဲ့ ကုန်စည်သင်္ဘောတွေကို ဟူသီလက်နက်ကိုင်အုပ်စုတွေရဲ့တိုက်ခိုက်မှုတွေကြောင့် ဒေသအတွင်း တင်းမာမှုများ ဖြစ်လာနေခြင်းကြောင့် စိုးရိမ်မှုများရှိလာချိန်မှာ OPEC+ အဖွဲ့ဝင်နိုင်ငံတွေက ရေနံထုတ်လုပ်မှုတွေကို လျော့ချဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။
OPEC+ အဖွဲ့ဝင်နိုင်ငံအများစုဟာ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံအများစုဖြစ်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူနိုင်ငံ၊ Mandai Wildlife Group က အမှတ်တရ စုဆောင်းနိုင်တဲ့ တိရစ္ဆာန်ရုပ်တုများ စတင်ထုတ်ဝေ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း