ကုန်စည်လိုင်းပေါင်း (၁ဝဝဝဝ)ကျော်ကို ဧပြီလ(၁)ရက်မှစပြီး Auto Licensing စနစ်ဖြင့် လိုင်စင်ထုတ်ပေးမည်
ယွန်း (NP News) - မတ် ၂၈
H.S Code 10 digit level ရှိ ကုန်စည်လိုင်းပေါင်း (၁ဝဝဝဝ)ကျော်ကို ဧပြီ(၁)ရက်နေ့မှစပြီး လိုင်စင်များထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အကောက်ခွန်ဦးစီးဌာနမှ မတ်လ(၂၈)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန သည် ပြီးခဲ့သည့် မတ်လ(၂၂)ရက်တွင် ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့် သတင်း လွှာ(၆/၂၀၂၃)ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ ကြေညာချက်ဖြင့် Customs Tariff of Myanmar HS Version 2022 အရ H.S Code 10 digit level ရှိ ကုန်စည်လိုင်းပေါင်း (၁ဝ၂၉၃)လိုင်းကို Trade Net 2.0 စနစ်တွင် Auto Licensing စနစ်ဖြင့် လိုင်စင်ထုတ်ပေးခြင်းကို လာမည့် ဧပြီလ(၁)ရက်မှစတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကုန်သွယ်ရေးဦးစီးဌာန၏ သတင်းလွှာအမှတ်(၆/၂ဝ၂၃)အရ ပင်လယ်ရေ ကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့မည့် ကုန်စည်အားလုံးသည် ပို့ကုန်လိုင်စင်လိုအပ်သည့် ကုန်စည်လိုင်းများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် MACCS စနစ်တွင်လည်း အဆိုပါ ကုန်စည်များကို ပို့ကုန်လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် setting ပြောင်းလဲထားရှိပြီဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ Auto Licensing စနစ်ဖြင့် ပို့ကုန်လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများကိုသုံးပြီး ဧပြီလ(၁)ရက်မတိုင်မီ တင်သွင်းထားသော ကြိုတင်ကြေညာလွှာများဖြစ်ပါက Formal Declaration သို့ ပြောင်းလဲတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။ ပြောင်းလဲတင်သွင်းချိန်၌ Error ဖြစ်ပေါ်ခဲ့ပါက လိုင်စင်ဖြတ်တောက်ခြင်းကို ဆောင်ရွက်ပြီး EDE Service ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
zawgyi version
ကုန္စည္လိုင္းေပါင္း (၁ဝဝဝဝ)ေက်ာ္ကို ဧၿပီလ(၁)ရက္မွစၿပီး Auto Licensing စနစ္ျဖင့္ လိုင္စင္ထုတ္ေပးမည္
ယြန္း (NP News) - မတ္ ၂၈
H.S Code 10 digit level ရွိ ကုန္စည္လိုင္းေပါင္း (၁ဝဝဝဝ)ေက်ာ္ကို ဧၿပီ(၁)ရက္ေန႔မွစၿပီး လိုင္စင္မ်ားထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အေကာက္ခြန္ဦးစီးဌာနမွ မတ္လ(၂၈)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာန သည္ ၿပီးခဲ့သည့္ မတ္လ(၂၂)ရက္တြင္ ပို႔ကုန္၊ သြင္းကုန္ႏွင့္ ပတ္သက္သည့္ သတင္း လႊာ(၆/၂၀၂၃)ကို ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေၾကညာခ်က္ျဖင့္ Customs Tariff of Myanmar HS Version 2022 အရ H.S Code 10 digit level ရွိ ကုန္စည္လိုင္းေပါင္း (၁ဝ၂၉၃)လိုင္းကို Trade Net 2.0 စနစ္တြင္ Auto Licensing စနစ္ျဖင့္ လိုင္စင္ထုတ္ေပးျခင္းကို လာမည့္ ဧၿပီလ(၁)ရက္မွစတင္ကာ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ကုန္သြယ္ေရးဦးစီးဌာန၏ သတင္းလႊာအမွတ္(၆/၂ဝ၂၃)အရ ပင္လယ္ေရ ေၾကာင္း ႏွင့္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွ တင္ပို႔မည့္ ကုန္စည္အားလုံးသည္ ပို႔ကုန္လိုင္စင္လိုအပ္သည့္ ကုန္စည္လိုင္းမ်ားျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ MACCS စနစ္တြင္လည္း အဆိုပါ ကုန္စည္မ်ားကို ပို႔ကုန္လိုင္စင္လိုအပ္ေသာ အေကာက္ခြန္ႏႈန္းလိုင္းမ်ားအျဖစ္ setting ေျပာင္းလဲထားရွိၿပီျဖစ္ေၾကာင္း သိရသည္။
သို႔ျဖစ္၍ Auto Licensing စနစ္ျဖင့္ ပို႔ကုန္လိုင္စင္လိုအပ္ေသာ အေကာက္ခြန္ႏႈန္းလိုင္းမ်ားကိုသုံးၿပီး ဧၿပီလ(၁)ရက္မတိုင္မီ တင္သြင္းထားေသာ ႀကိဳတင္ေၾကညာလႊာမ်ားျဖစ္ပါက Formal Declaration သို႔ ေျပာင္းလဲတင္သြင္းရမည္ျဖစ္ေၾကာင္း သိရသည္။ ေျပာင္းလဲတင္သြင္းခ်ိန္၌ Error ျဖစ္ေပၚခဲ့ပါက လိုင္စင္ျဖတ္ေတာက္ျခင္းကို ေဆာင္႐ြက္ၿပီး EDE Service ျပန္လည္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တိုင်း အတွင်းရှိ စက်မှုလုပ်ငန်းများအား ဧပြီလကုန်အထိ ဓာတ်အားကန့်သတ်မည်ဟု YESC အသိပေး
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း