စက်သုံးဆီမျိုးစုံ ဂါလံ သိန်း ၃ဝ ကျော်ရှိပြီး စိုးရိမ်စရာမလိုကြောင်း သက်ဆိုင်ရာက ထုတ်ပြန်သော်လည်း ဆီဆိုင်များတွင် တန်းစီနေရ
NSS - မတ် ၃
ပြည်ပမှစက်သုံးဆီများ ဆက်တိုက်ဖြန့်ဖြူးနေသည်ဟုဆိုသော်လည်း ယနေ့မနက်ပိုင်းအထိ ဆီဆိုင်များတွင် စက်သုံးဆီတန်းစီ ဝယ်ယူနေရဆဲဟု ရန်ကုန်မြို့ခံများထံမှ သိရသည်။
ပြည်ပက မှာယူထားသော စက်သုံးဆီတင်သင်္ဘောများ ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းကို ပုံမှန်အဆက် မပြတ်ဝင်ရောက်ကာ စက်သုံးဆီများ ချယူဖြည့်တင်းလျက်ရှိပြီး၊ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက စက်သုံးဆီအရောင်းဆိုင်တွေကို စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သက်ဆိုင်ရာ က မတ်လ၂ ရက်တွင် သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂၉ ရက်က ဆီတင်ယာဉ် ၁,၁၇၅ စီး ၊ 92 Ron ဂါလံ ၁၂ သိန်းကျော် ၊ 95 Ron ဂါလံ ၄ သိန်းကျော်၊ ဒီဇယ်ဆီ ဂါလံ ၉ သိန်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ ဂါလံ ၁၂ သိန်းကျော် ဖြည့်တင်းပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
“သက်ဆိုင်ရာက ပြောနေပေမယ့် ဆိုင်တွေမှာ ဈေးမကျသေးဘူး။ လက်လီဈေးတောင် တစ်လီတာ ၃၁၀၀ လောက်နဲ့ အပြင်မှာဝယ်နေရတယ်။ စက်သုံးဆီဆိုင်တွေမှာ အပြင်ကလာဝယ်ရင် မရောင်းဘူး။ မီးစက်နိုးဖို့တောင် ကားနဲ့တန်းစီပြီး သွားဝယ်နေရတယ်” ဟု တောင်ဒဂုံမြို့နယ်မှ စက်သုံးဆီဝယ်ယူသူတစ်ဦးက ပြောသည်။
စက်သုံးဆီသုံးစွဲမှုမှာ မော်တော်ယာဉ်မောင်းနှင်ခြင်းသာမက လက်တလောမီးပျက်မှုများ နေခြင်းကြောင့် မီးစက် သုံးစွဲမှုအရလည်း ပိုမိုများပြားနေကြောင်း ရန်ကုန်မြို့ခံများမှ သိရသည်။
သီလဝါဆိပ်ကမ်း သိုလှောင်ကန်စခန်းများတွင် စက်သုံးဆီ အလုံအလောက်ရှိနေပြီး၊ နေ့စဉ်ပုံမှန်ဖြန့်ဖြူးနေမှု အခြေအနေအတိုင်း ဖြန့်ဖြူးပေးနေခြင်းကြောင့် အများပြည်သူတွေအနေနဲ့ စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်ကာ လိုအပ်တာထက် ပိုမိုဝယ်ယူရန် မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ကြောင်း သက်ဆိုင်ရာမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားက အမေရိကန်ရဲ့စစ်ရေးသြဇာလွှမ်းမိုးမှုတွေကို အကြီးမားဆုံးစိန်ခေါ်နေတဲ့နိုင်ငံဖြစ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးပြော
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း