ဟောင်ကောင်မှာ ခွေး၊ ကြောင်အသားများ ရောင်းချတယ်လို့ သံသယရှိသူ ၅ ဦး ဖမ်းဆီးခံရ
ရောင်နီ (NSS) - မတ် ၃
ဟောင်ကောင်ရှိ လိုင်စင်မဲ့စားသောက်ဆိုင်တစ်ခုမှာ ခွေးသား၊ ကြောင်သားများရောင်းချတဲ့ သံသယနဲ့ လူငါးဦးကို ဖေဖော်ဝါရီ ၂၉ ရက်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
၎င်းတို့အသုံးပြုတဲ့ တိရစ္ဆာန်ဇစ်မြစ်တွေကိုသိဖို့ အသားနမူနာတွေကို စမ်းသပ်စစ်ဆေးသွားမယ်လို့ South China Morning Post (SCMP) က မတ်လ ၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။ အဆိုပါ စားသောက်ဆိုင်မှ မီနူးများ၊ ဟင်းချက်အသုံးအဆောင်များနဲ့ လုပ်ငန်းမှတ်တမ်းများစတဲ့ အထောက်အထားတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူငါးဦးမှာ ခိုလှုံခွင့်တောင်းခံသူ လေးဦးပါဝင်ပြီး ၎င်းတို့ကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုနဲ့ တိရစ္ဆာန်တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုနဲ့ တရားစွဲထားပါတယ်။ ၎င်းတို့ရဲ့ဆိုင်တည်ရှိရာ အဆောက်အဦးမှ နေထိုင်သူတွေကတော့ အဲဒီတိုက်ခန်းထဲက လူတွေ ဝင်ထွက်သွားလာနေတာကို တွေ့ပေမယ့် သံသယဖြစ်စရာ ဘာမှ သတိမထားမိဘူးလို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေထဲက ခိုလှုံခွင့်တောင်းခံသူတွေဟာ ထရပ်ကားနဲ့ တရုတ်ပြည်မကြီးကို ဝင်ရောက်ခဲ့ပြီး ဟောင်ကောင်ကို လှေနဲ့ ကူးလာခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဟောင်ကောင်မှာ ခွေးနဲ့ ကြောင်တွေကို သတ်ဖြတ်ခြင်းအပေါ် တားမြစ်ထားသလို ၎င်းတို့ရဲ့ အသားတွေ ရောင်းချခြင်းကိုလည်း ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ ကျူးလွန်သူတွေဟာ ထောင်ဒဏ် ခြောက်လအထိ နဲ့ အမြင့်ဆုံးဒဏ်ငွေ ဟောင်ကောင်ဒေါ်လာ ၅၀၀၀ (စင်ကာပူဒေါ်လာ ၈၆၀)ထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလိုသူများရှိပါက သက်ဆိုင်ရာ-မြို့နယ်ပညာရေးမှူးရုံးနှင့် ဆက်သွယ်ရန်အသိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း