ဓာတ်အားပေးစက်ရုံ (၄) ရုံမှ ဆင့်ကဲပို့လွှတ်သည့် ဓာတ်အားလိုင်း(၆)လိုင်းမှာ ဖျက်ဆီးခံရမှု အများဆုံးဖြစ်နေ
ယွန်း (NSS) - မတ် ၂
ဓာတ်အားပေးစက်ရုံ(၄)ရုံမှထွက်ရှိသည့် ဓာတ်အားများကို ဆင့်ကဲပို့လွှတ်သည့် ဓာတ်အား လိုင်း(၆)လိုင်းမှာ အများဆုံးဖျက်ဆီးခံထားရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက NSS ကို ပြောသည်။
အကြမ်းဖက်သမားများအနေဖြင့် ဓာတ်အားပို့လွှတ်ရေးလိုင်းများကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း က (၅၉) ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး လျှပ်စစ်တာဝါတိုင်ပေါင်း(၃၉)တိုင် ပြိုလဲပျက်စီးစေခဲ့ကြောင်း သိရသည်။ ထိုသို့ ဖောက်ခွဲဖျက်ဆီးခံရမှုတွင် ကယားပြည်နယ်အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း ညောင်လေးပင်ခရိုင် အတွင်း၌ အများဆုံးဖျက်ဆီးခံထားရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆိုသည်။
ထို့ပြင် ဓာတ်အားပေးစက်ရုံ(၄)ရုံမှ ထွက်ရှိ သည့်ဓာတ်အားများကို မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသများကို ဆင့်ကဲပို့လွှတ်သည့် ဓာတ်အားလိုင်း(၆)လိုင်းမှာ အများဆုံးဖျက်ဆီးခံထားရကြောင်း သိရသည်။
“ကယားပြည်နယ်ထဲမှာရှိတဲ့ ဘီလူးချောင်း (လောပိတ)ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ(၃) ရုံနဲ့ ရွှေကျင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေထွက်ရှိတဲ့ ဓာတ်အားကို မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသကို ဆင့်ကဲပို့လွှတ်တဲ့ ဓာတ်အားလိုင်း(၆)လိုင်းက အများဆုံးဖျက်ဆီး ခံထားရပါတယ်”ဟု လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ဝန်ကြီးဌာနအနေဖြင့် ဖောက်ခွဲဖျက်ဆီးခံခဲ့ရ သော တာဝါတိုင်များကို ပြန်လည်ပြင်ဆင်ရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ လျှပ်စစ်တာဝါတိုင် (၆)တိုင် ကိုသာ ပြန်လည်ပြင်ဆင်နိုင်သေးကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အထိ မိုင်းထောင်ဖောက်ခွဲခံရသည့် လျှပ်စစ်တာဝါ တိုင်ပေါင်း(၈၉)တိုင်ရှိပြီး စုစုပေါင်း (၁၁၈)ကြိမ် ဖျက်ဆီးခံခဲ့ရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များကို မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း များကြောင့် ငွေကျပ် ဘီလျံရာချီဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှင့် လျှပ်စစ်မီးနေ့စဉ် အသုံးပြုလျက်ရှိသည့် ပြည်သူ လူထုအတွက် များစွာထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေ၊ ဒေါ်လာ၊ ဆန်နဲ့ တစ်ပတ်အတွင်း စီးပွားရေးဈေးကွက် အနှစ်ချုပ်သုံးသပ်ချက် (ဆောင်းပါး)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း